Amara

Friday, September 13, 2013

ပင်မှည့်သီး၏ ကောင်းကျိုးများ


၁။ ကင်ဆာဆဲလ်များ ကြီးထွားမှုကို လျော့နည်းစေသည်။
၂။ ပါဝင်သော phenolic acid နှင့် flavonoid ကြောင့် နှလုံးရောဂါကို ကာကွယ်ပေးသည်။
၃။ ပိုးသေစေသော အာနိသင်ရှိသည်။
၎။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများစွာ ပါဝင်သောကြောင့် အိုမင်းမှုကို လျှော့ချပေးသည်။
၅။ ကာဗိုဟိုက်ဒြိတ်နှင့် သကြားဓာတ်ပါ ဝင်မှုကြောင့် အားကစား စွမ်းဆောင်ရည်ကို မြင့်စေသည်။
၆။ Cholesterol ကျစေရန် ကူညီ ပေးသည်။
၇။ vit C, vit A နှင့် potassium တို့ ကြွယ်ဝစွာ ပါဝင်သည်။
၈။ ၄င်း၏ အစေ့ seed တွင် fiber များစွာပါဝင်သဖြင့် weight ကို ကျစေသည်။
၉။ မအိပ်ခင် စားသုံးပေးပါက ကောင်းမွန်စွာ အိပ်စက်စေသည်။

သောက်သုံးရန်မသင့်သော ရေ(၅)မျိုး



၁) မီးဖိုပေါ်တွင် အချိန်ကြာမြင့်စွာ ဆူပွက်အောင် ထားသည့် ရေနွေး
(၂) ဓာတ်ဗူးထဲတွင် ရက်ကြာမြင့်စွာ ထားသည့် မလတ်ဆတ်သော ရေနွေး
(၃) အကြိမ်ကြိမ် ဆူဗွက်အောင် ကြိုခဲ့သောရေနွေး
(၄) တစ်ညလွန် ရေနွေးကို ထပ်ကြိုထားသော ရေနွေး (သို့) ထပ်မကြိုထားသော ရေနွေး
(၅) ထမင်း၊ ဟင်းပေါင်းခံရည် ၎င်းရေများ
သောက်သုံးရန် မသင့်ခြင်းမှာ အကြိမ်ကြိမ်
ဆူဗွက်ပြီးသောရေတွင် ကယ်လစီယံ၊
မက်ဂနီစီယံ၊ ဂရိုရင်းနှင့် အခြားသတ္တုများ
ပိုမိုတိုးလာပြီး ကျောက်ကပ်ကို
ထိခိုက်စေ နိုင်သောကြောင့် ဖြစ်သည်။

သွားကိုက်ရောဂါ ကြိုတင်ကာကွယ်နည်း


ပထမဆုံးအိပ်ယာက နိုးနိုးပြီးချင်း မျက်နှာကို အရင်မသစ်သေးဘဲ
ခြေထောက်နှစ်ဖက်လုံး ဒူးအထက်ကနေပြီး ရေသုံးခွက်စီလောက် လောင်းပေးပါ၊ ဒါမှ
တစ်ကိုယ်လုံးမှာ ပြန့်နှံ့နေတဲ့ အပူခိုးတွေကို ခြေထောက် ရောက်သွားအောင်
ဆွဲချလိုက်တာပါ။

အိပ်ယာကထလာတာနဲ့ အပူတွေက တစ်ကိုယ်လုံးမှာ နှံ့နေတာပါ။ ဒီအချိန်မှာ
အရင်ကထုံးစံအတိုင်း မျက်နှာကို အရင်သစ်လိုက်မယ်ဆိုရင် ရေနဲ့ထိပြီး
အေးသွားတဲ့ မျက်နှာပြင်တစ်ပြင်လုံးကို တစ်ကိုယ်လုံးက အပူတွေ
အကုန်ပြေးလာကြပါတယ်။ ဒါ့ကြောင့် မျက်စိကို တစ်ကိုယ်လုံးကရှိတဲ့ အပူခိုး၊
အပူငွေ့တွေ လာရိုက်ပါတယ်။ သေသေချာချာသိချင်ရင် မျက်နှာသစ်ပြီးတာနဲ့
မှန်ထောင်ကြည့်လိုက်ပါ။ မျက်စိနှစ်လုံးစလုံး ရဲနေတာ တွေ့ရလိမ့်မယ်။
အဲဒီလို အပူခိုးတွေရိုက်ပါများလာတဲ့အခါ ဒီမျက်စိကမှုန်ပြီး အားနည်းသွားတာ
ပဲပေါ့။

ဒါကြောင့် အပူခိုးတွေမျက်စိမသွားဘဲ အောက်ရောက်သွားအောင် ခြေထောက်ကို
အရင်ရေလောင်း ရတာပေါ့။ ဒူးကနေ ရေလောင်းပြီးတဲ့အခါမှာလည်း
ချက်ခြင်းမျက်နှာမသစ်သေးဘဲ ချိုင်းကြားနှစ်ဖက်မှာ  ကပ်ကျန်နေတဲ့
အပူခိုးတွေထွက်သွားအောင် မတ်တပ်ရပ်ပြီး လက်နှစ်ဖက်ကို ခေါင်းပေါ်
မြှောက်တင်လိုက်၊ အောက်ချလိုက်နဲ့ အနည်းဆုံး အကြိမ်(၂၀)လောက်လုပ်ပေးရမယ်။

အဲဒါနောက် တက်နေတဲ့ ဇက်ကြောတွေ လျှော့သွားအောင် ခေါင်းကို နောက်ကျောဘက်
ရောက်နိုင်သလောက် လှန်ချရမယ်။ ရှေ့ကိုလည်း ရသလောက် ငုံ့ရမယ်။ ဒါကို
အကြိမ်၂၀လုပ်ပြီး ခေါင်းကို ဘယ်ညာ အခါ(၂၀)လောက်လှည့်ပေးရမယ်။
ဒီလေ့ကျင်းခန်း(၃)ပြီးတာနဲ့ တစ်ကိုယ်လုံးမှာရှိတဲ့ အပူခိုးတွေ
ခြေထောက်ကတစ်ဆင့် ထွက်နေတာ ကုန်သွားပါပြီ။

သေချာသိချင်ရင် ခြေထောက်ကို စမ်းကြည့်လိုက်ပါ၊ ရေတစ်စက်မှမရှိတော့ဘဲ
ခြောက်နေတာ တွေ့ရလိမ့်မယ်။ အဲဒီနောက်မှ မျက်နှာကို
ဆပ်ပြာနဲ့သေချာသစ်ရမယ်။ သွားမတိုက်ရသေးဘူး၊ ပါးစပ်ကို ပိတ်ထားရမယ်။
မျက်နှာသစ် ပြီးတာနဲ့ မျက်နှာသုတ်ပ၀ါနဲ့ သုတ်လို့ရပါပြီ။
ဒီအချိန်မှာ မျက်နှာမှာရှိတဲ့ မွှေးညှင်းပေါက်တွေ အကုန်ပွင့်သွားတာပေါ့။
အဲဒီကျတော့မှ သွားတိုက်ရမယ်၊ သွားတိုက်ရင်းနဲ့ သွားကြို
သွားကြားမှာရှိတဲ့ အခိုးအငွေ့တွေဟာ မျက်နှာက မွှေးညှင်းပေါက်များမှတဆင့်
ထွက်ကုန်တာပေါ့၊ ဒီနည်းက အပူကြောင့်ဖြစ်တဲ့သွားကိုက်ရော
ဂါကို
ကြိုတင်ကာကွယ်တဲ့နည်းပါ။

Wednesday, December 26, 2012

သင်အသက်တွေကြီးနေပြီ...... လောဘ၊ ဒေါသ၊ မောဟတွေကြီးနေတုံးပဲလား





 
၁။ သင်အသက်တွေကြီးနေပြီ......
လောဘ၊ ဒေါသ၊ မောဟတွေကြီးနေတုံးပဲလား

၂။ သင် သွားတွေကျိုးနေပြီ........
မာန် မာနတွေ မကျိုးသေးဘူးလား

၃။ သင်အသားတွေတွန့်နေပြီ
မကောင်းမှုမှာ မတွန့်သေးဘူးလား

၎။ သင် အားအင်တွေ လျော့ပါးနေပြီ
သင့် တဏှာ ဆန္ဒတွေ မလျော့ပါးသေးဘူးလား

၅။ သင် ဆံပင်တွေဖြူနေပြီ
သင့်စိတ်ထားတွေ မဖြူသေးဘူးလား

၆။ သင် မျက်စိတွေ မှုန်ဝါးနေပြီ
သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုံးပဲလား...။