Amara

Wednesday, December 26, 2012

သင်အသက်တွေကြီးနေပြီ...... လောဘ၊ ဒေါသ၊ မောဟတွေကြီးနေတုံးပဲလား





 
၁။ သင်အသက်တွေကြီးနေပြီ......
လောဘ၊ ဒေါသ၊ မောဟတွေကြီးနေတုံးပဲလား

၂။ သင် သွားတွေကျိုးနေပြီ........
မာန် မာနတွေ မကျိုးသေးဘူးလား

၃။ သင်အသားတွေတွန့်နေပြီ
မကောင်းမှုမှာ မတွန့်သေးဘူးလား

၎။ သင် အားအင်တွေ လျော့ပါးနေပြီ
သင့် တဏှာ ဆန္ဒတွေ မလျော့ပါးသေးဘူးလား

၅။ သင် ဆံပင်တွေဖြူနေပြီ
သင့်စိတ်ထားတွေ မဖြူသေးဘူးလား

၆။ သင် မျက်စိတွေ မှုန်ဝါးနေပြီ
သင့်နိဗ္ဗာန်လမ်းရော မှုန်ဝါးနေတုံးပဲလား...။

No comments:

Post a Comment