Amara

Thursday, November 22, 2012

ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက်

   
 

ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက် စင်ကာပူ နိုင်ငံတွင် ဖွင့်လှစ်

စင်ကာပူ နိုင်ငံရှိ ဆန်တိုဆာ ကမ္ဘာ့ အပန်းဖြေ စခန်း (RWS) ၌ ကမ္ဘာ့ အကြီးဆုံး အဏ္ဏဝါ ပြတိုက် တစ်ခုအား နိုဝင်ဘာ ၂၂ ရက်တွင် ဖွင့်လှစ် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ငါးပြ တိုက်သည် အဏ္ဏဝါ ပြတိုက်များ အနက် ဆွဲဆောင်မှု အကောင်းဆုံး နေရာတစ်ခု ဖြစ်ပြီး ၎င်းပြတိုက်တွင် ရေလီတာပေါင်း ၄၅ သန်းခန့် ထည့်သွင်း ထား၍ ပင်လယ် ရေနေ သတ္တဝါ မျိုးစိတ် ၈ဝဝ မှ ရေသတ္တဝါ ကောင်ရေ တစ်သိန်းခန့် ပြသ သွားမည် ဖြစ်သည်။

အဆိုပါ အဏ္ဏဝါ ပြတိုက်၏ အဓိက ပြကွက်မှာ အရှည် ၈ ဒသမ ၃ မီတာနှင့် အကျယ် ၃၆ မီတာခန့် ရှိသော မှန်လှောင်အိမ်နှင့် အတူ သဘာဝ ပင်လယ် သမုဒ္ဒရာ ရှုခင်း အတိုင်း ကြည့်ရှု နိုင်မည် ဖြစ်သည်။

ထို့အပြင် ငါးလိပ်ကျောက်၊ ငါးမန်းကျားနှင့် ကကူရံ ငါးမျိုးစိတ်များ အပါအဝင် အခြား ပင်လယ် ရေနေ မျိုးစိတ်သစ် များကို လည်း တွေ့မြင် နိုင်မည် ဖြစ်သည်။ ထို့အပြင် ရှားပါး မျိုးစိတ် ဖြစ်သော နှုတ်သီးချွန် လင်းပိုင် ၂၅ကောင်၏ သဘာဝ အလေ့အထ အတိုင်း လှုပ်ရှားပုံ မြင်ကွင်းများ ကိုလည်း ကြည့်ရှု နိုင်သည်။

၎င်းအဏ္ဏဝါ ပြတိုက်တွင် ရေကူးကန်များ၊ ရေအားနှင့် သံလိုက် ဓာတ်ဖြင့် မောင်းနှင်သော အပျော်စီး ရိုလာကို စတာ ရထားတွဲ များနှင့် ၆၂ဝ မီတာ ရှည်လျားသော စွန့်စားခန်းများ ပါဝင်သည့် မြစ်တစ်ခုတို့ ပါဝင်ကြောင်း သိရသည်။

http://myawady.net.mm/all-news/international-news/2012-11-22-02-47-40


*************************************************************************************************


အဖြေရှာမရသော သြစတေးလျမှ သဘာဝ ပန်းရောင် ရေကန်-Hiller Lake





ယနေ့ချိန်ခါထိ သိပ္ပံပညာရှင်တို့ ရှာဖွေဖော်ထုတ်လို့မရသေးတဲ့ သဘာဝ အလျောက် ပန်းရောင်သန်းနေတဲ့ ရေကန် ဖြစ်ပါတယ်။ သြစတေးလျနိုင်ငံ အနောက်ပိုင်း Western Australia ပြည်နယ်မှာ တည်ရှိပြီး ပင်လယ်
နဲ့ နီးပါတယ်။ Hiller Lake လို့အမည်ရပါတယ်။
ပင်လယ်နဲ့ နီးပေမယ့် ပင်လယ်နဲ့လည်း မဆက်နေပါဘူး။ ကြားမှာ သစ်ပင် သစ်တော် တန်းများ ခြားထားပါသေးတယ်။ ရေကန်မှာ အယ်လ်ဂျေး များကြောင့်၊ ဆားဓာတ်ကြောင့် ပန်းရောင် သန်းနေခြင်း မဟုတ်ဘူး ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ သို့ပေမယ့် ဘယ်လို ဘက်တီရီးယား မျိုးများ ပေါက်ဖွားလို့ ပန်းရောင်ဖြစ်နေတယ် ဆိုတာကို ရှာဖွေ မဖော် ထုတ်နိုင်ကြ သေးပါဘူး။

သြစတေးလျနိုင်ငံရဲ့  ထူးဆန်းအံ့ဖွယ်နေရာ တစ်ခုအဖြစ် တည်ရှိနေပါ တယ်။ ရေကန်အလျားအနံ - ၁၉၆၉ ပေx 820 ပေ ရှိပြီး Hiller Lake ကို နှစ်စဉ် လာရောက် လေ့လာသူ များပြားတယ်လို့ သိရပါတယ်။

No comments:

Post a Comment