Amara

Wednesday, November 21, 2012

Love Story






မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ ဘယ်ကိုပဲ သွားသွား အားကစားအင်္ကျီတံဆိပ် ကောင်းကောင်း တစ်ခု၊ အမျိုးအစား ကောင်းကောင်းတစ်ခု တွေ့ရင် သူ့ကို အားကစားမှန်မှန် လေ့ကျင့်စေချင်တဲ့ စိတ်နဲ့ သူ့အတွက် ဝယ်လိုက်မိတတ်တယ်။ ဝယ်လိုက်တော့လည်း သူ့ကိုယ်ခန္ဓာ အရွယ်အစားကို ခန့်မှန်းတဲ့ နေရာမှာ အလွန်မှန်ကန် နေလေ့ရှိတယ်။ ဖိနပ်တစ်ရန် ဝယ်ရင်တောင်မှ ဖိနပ်က သူ့ခြေထောက်နဲ့ အတော်ပဲ။

ယောက်ျား တစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူကလည်း ခရီးဝေးက အပြန် အင်္ကျီလက်ဆောင် ဝယ်လာတတ် တယ်။ ဒါပေမဲ့ သူခန့်မှန်းတဲ့ သူမရဲ့ ကိုယ်ခန္ဓာဟာ တကယ့် အစစ်ထက် သေးနေတော့ သူမှန်းပြီး ဝယ်လာတဲ့ အင်္ကျီဟာ သေးနေတော့ တယ်။ အဲဒီတော့ သူမကို “တခြား တူမတွေ ဘာတွေကို ပေးလိုက်ပေါ့ မေရယ်၊ နောက်တစ်ခါကျရင် ဒီ့ထက် ဆိုက်ဇ်ကြီးကြီးလေး ဝယ်ခဲ့ ပါ့မယ်” လို့ သူက ပြောရတယ်။
မိန်းမ တစ်ယောက်က ယောက်ျားတစ်ယောက်ကို ကိုချစ်တဲ့အခါ ကိုယ့်အတွက် ရည်စူးပြီး ဝယ်လာတဲ့ တစ်စုံတစ်ခုကို အလွန် တန်ဖိုးထားတယ်။ ကိုယ်နဲ့ မတော်တဲ့ အင်္ကျီပေမယ့် သူများကို မပေးရက်ဘဲ ဗီရိုထဲမှာ သိမ်းထားတော့တယ်။ သူက မေးရင်တော့ ပေး လိုက်ပြီပေါ့လို့ ပြောလေ့ရှိတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ကြိုက်တတ်တဲ့ ပန်းလို့ ထင်ပြီး တခြားပန်းတွေ ပွင့်နေတဲ့ သစ်ပင်ကို ဓာတ်ပုံတွေ ရိုက်လာတယ်။
“မင်းအတွက် မင်းကြိုက်တဲ့ပန်းတွေ တွေ့လို့ ကိုယ်ဓာတ်ပုံ ရိုက်လာတာ” လို့ ပြောတယ်။
“ဟင် ဒီ ညမွှေးပန်းကို မေ ကြိုက်တယ်လို့ ဘယ်သူက ပြောလဲ”
“ဟိုတစ်ခါ မေပြဖူးတဲ့ ပန်းလေ၊ မေ သိပ်ကြိုက်တယ်ဆို၊ မွှေးလည်း သိပ်မွှေးတယ်ဆို”
သူမက ရယ်မောပါတယ်။
“အဲဒီပန်းက ဧကရာဇ်ပန်းကွယ့် ဒီပန်း မဟုတ်ဘူး၊ အပင်ချင်းလည်း မတူဘူး၊ ဟိုက အပင်ကြီး၊ ဒါက ချုံပင်၊ သိလား”
“အို ဒီပန်းလည်း လှတာပဲကွနော်၊ မွှေးလိုက်တာလည်း အလွန်ပဲ၊ ညမှ ပွင့်လို့ ကိုယ်ညအချိန် အဲဒီရှေ့ကို သွားပြီး ခက်ခက်ခဲခဲ ရိုက်ယူခဲ့ရတာ၊ အောင်မာ ပန်းလေးတွေတောင် ကောက်လာခဲ့သေးတယ်၊ စာအုပ်ကြားမှာ ညှပ်ယူခဲ့တာ” လို့ မရမက ပြောရင်း ရယ်မော လိုက်ရုံပဲ ရှိပါတော့တယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမ သွားလေရာမှာ သူကြိုက်တတ်တဲ့ စာရေးဆရာရဲ့ စာအုပ် တွေကို အားပါးတရ ဝယ်မိတော့တာပါပဲ။ သူမ ဝယ်သမျှက ဘယ်တော့မှ မမှားစေရဘူး။ သူ့ကို မပေးရခင် ဖတ်ရင်းလည်း စာအုပ်တိုင်း စာမျက်နှာတိုင်း စာကြောင်းတိုင်းဟာ သူ့မျက်နှာ၊ သူ့စကား၊ သူ့အသံတွေလိုပဲလို့ ခံစားလိုက်မိတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်မိတဲ့အခါ သူခရီးဝေးကနေ သူ့အတွက် သူပဲ စာအုပ်တွေ ဝယ်ပြီး ပြန်လာ တဲ့အခါ သူမက သူဝယ်လာတဲ့ စာအုပ်တွေကို တစ်အုပ်ချင်း ကောက်ကိုင်ကြည့်ပြီး
“ဒီစာအုပ်က ရှင့်မှာ ရှိပြီးသားလေ” လို့ သတိပေးနိုင်ခဲ့တယ်။
သူကတော့ မှား ဝယ်မိတာကို ဝန်မခံချင်တော့ အပြုံးမပျက်
“ဟုတ်တယ်၊ ဒီစာအုပ်က ကောင်းလွန်းတော့ နှစ်အုပ်လောက် ရှိရင် ပိုအဆင်ပြေတယ် မဟုတ်လား” လို့ပဲ ပြောလိုက်ရပါတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မိန်းမ အတွက်လား သူ့အတွက်လား ကိုယ့်ကိုယ်ကိုယ် မသေချာဘဲ ခရီးဝေးကြီးကို အချိန် အကြာကြီး သွားပြီး အလုပ်တွေ လုပ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ရပ် ဝေး ကို ရောက်နေတိုင်း နေ့စဉ်လိုလို တယ်လီဖုန်းနဲ့ လှမ်းဆက်ပါတယ်။ “ကိုယ် မင်းကို လွမ်းလှပြီ” လို့ လှိုက်လှိုက်လှဲလှဲ ပြောတတ် တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ကိုယ် မင်းကို လွမ်းလှပြီ ဆိုတဲ့ စကားရဲ့နောက် အနည်းဆုံး ခြောက် လ၊ တစ်နှစ်တော့ ထပ်ဝေးနေရဦးမယ် ဆိုတာ သူမက အလိုလို သိလိုက်ပြီးသား ဖြစ်ပါတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ ပိုက်ဆံကုန်တဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေကို ငြိုငြင်လေ့ ရှိပါ တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ တစ်ယောက် တစ်နယ်စီ ခြားလို့ မတွေ့ရ မမြင်ရ ကြာလာရင် သူမ အင်တာနက် သုံးနေတဲ့အချိန် သူ့ကို အွန်လိုင်းမှာ တွေ့ဆုံနှုတ်ဆက်ရုံမက စကားတွေ မဆုံးတမ်း ပြောနေချင်တယ်။ “နေကောင်းလား” “ထမင်းစားပြီးပြီလား” “မောင့်ကို လွမ်းတယ်” ဒီစကားတွေကို ရေးတတ်တယ်။ ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့ အခါ အွန်လိုင်းမှာ တွေ့ပြီး “ဟေး နေကောင်းလား” လို့ တစ်ခွန်း နှစ်ခွန်းလောက် နှုတ်ဆက်ပြီးတော့ သူ့အလုပ် ကိစ္စတွေကို မနားတမ်း စာပြန်နေတာမျိုး၊ စာရေးနေတာမျိုး လုပ်တတ်တယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ “ကိုယ့်ကို လက်ထပ်တော့မလား” လို့ သူမရဲ့ ဆန္ဒကို ဦးစားပေး သလို မေးလေ့ရှိတယ်။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ မောင့် ဆန္ဒအတိုင်းပဲပေါ့လို့ ရှက်စနိုးနဲ့ ပြန်ဖြေလိုက်တယ်။
ဒါဖြင့် “မေ့ ဆန္ဒကရော”လို့ မေးရင်
“မေ့ဆန္ဒက မောင့်ဆန္ဒပါပဲ” လို့ ဖြေတယ်။
“ကိုယ်သိပြီ၊ မင်း ကိုယ့်ကို လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူးဆိုရင်လည်း ကိုယ်နားလည်ပါတယ်” လို့ သူက ပြောတယ်။
“ဘယ်သူက အဲလို ပြောလို့လဲ” လို့ သူမက နာကျင်မှုကို ဖုံးကွယ်ပြီး မေးတော့
“မင်းကို ကိုယ် အသိဆုံးပေါ့၊ မေ ကိုယ့်ကို အားနာနေတယ် မဟုတ်လား” လို့ ပြောတယ်။
“ဟုတ်တယ်၊ တကယ်တော့ မောင့်ကို ကျွန်မ လက်ထပ်ဖို့ အဆင်သင့် မဖြစ်သေးဘူး၊ တော်တော်နဲ့လည်း အဆင်သင့်ဖြစ်မှာ မ ဟုတ်ဘူး” လို့ သူမက ပြောလိုက်ရင် သူက ယုံတတ်တယ်။ အဲဒီစကားကို သူက မျက်နှာပျက်သွားတယ်။ နာကျင်တဲ့ဟန်ကို မဖုံးကွယ် ဘူး။
“မင်း ကိုယ့်အပေါ် မကြိုက်တာတွေ ဘာရှိလဲ” လို့ သူက မေးတယ်။
“အို အများကြီးပဲပေါ့” လို့ သူမက ဖြေတယ်။
“ဟိုဇာတ်ကား ကြည့်ဖူးတယ် မဟုတ်လား၊ မင်းနဲ့ ပတ်သက်လို့ ကိုယ်မုန်းတဲ့ အချက် ၁၀ ချက်ဆိုတဲ့ ဇာတ်ကားလေ၊ အဲဒီ ကောင်မလေးက ၁၀ ချက်ပဲ ရှိတယ်၊ ကျွန်မက အချက် ၂၀ လောက် ရှိတယ်၊ ရွတ်ပြရမလား”
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ မကြားချင်ဘူးလို့ မပြောရက်ဘဲ မချိပြုံးနဲ့ သူမ ပြောသမျှကို နား ထောင်ဖို့ ကြိုးစား ကြည့်တတ်ပါတယ်။
“ငွေ အသုံးအဖြုန်း ကြီးတာကို ကျွန်မ မကြိုက်ဘူး၊ ကတိတွေ ပျက်ကွက်တာကို ကျွန်မ မကြိုက်ဘူး၊ ကျွန်မနဲ့ မောင်ရဲ့ နှစ် ယောက်သား ဆက်စပ်မှု အခြေအနေကို သူငယ်ချင်းတွေကိုတောင် အမှန်အတိုင်း ဖွင့်မပြောဘဲ သူငယ်ချင်း အဆင့်လိုလို ဘာလိုလိုနဲ့ ဖုံး ကွယ် လျှို့ဝှက်ထားတာကို ကျွန်မ မကြိုက်ဘူး၊ လူရှေ့ သူရှေ့မှာ ကျွန်မကို မျက်နှာတည်ကြီးနဲ့ ဘာမှ မဆိုင်သလို စကားပြောတတ်တာ ကို ကျွန်မ မကြိုက်ဘူး၊ မကြိုက်ဘူး မကြိုက်ဘူး မကြိုက်ဘူး . . . တွေ အများကြီးကို ဆုံးအောင် သူ နားမထောင်နိုင်တော့ပဲ တစ်ချက် ချင်းကို ဖြေရှင်းဖို့ ကြိုးစားတော့တယ်။ သူမကလည်း သူမ အမှန်။ သူကလည်း သူ အမှန်။ ဒီလိုနဲ့ တစ်ယောက်တစ်ခွန်း စကားများတဲ့အခါ နောက်ဆုံးတော့ သူက “ကိုယ် အင်တာနက်ဆိုင် သွားလိုက်ဦးမယ်” လို့ ထွက်သွားပြီး သူမက ကော်ဖီဆိုင်မှာ တစ်ယောက်တည်း ကျန် နေခဲ့တယ်။ နောက်နာရီဝက်လောက် ကြာရင်တော့ သူမဆီ ဖုန်းဆက်လာတယ်။ “ကိုယ် ချိန်းထားတာ တစ်ခုရှိလို့ မင်းအိမ်ကို လိုက်မပို့ နိုင်တော့ဘူး၊ ကား ငှားသွားနော်” တဲ့။
မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ နှစ်ယောက်ရဲ့ အနာဂတ်အတွက် ကိုယ်တစ်ယောက်တည်းသာ တာဝန်ရှိတဲ့ ပုံစံမျိုး၊ ငွေစုချင်ဇောနဲ့ အငှားကားစီးမယ့် ပိုက်ဆံကို နှမြောလို့ ဘတ်စ်ကားကိုပဲ ရွေးလေ့ရှိတယ်။ သူ့ကိုတော့ အငှားကားနဲ့ သွားတာလို့ လိမ်လည်ပြောလေ့ရှိတယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ သူမ ပင်ပန်းမှာ အနေကျပ်မှာ သိလို့ အားလပ်ချိန်မှာ သူနဲ့အတူ သူ့အလုပ်ကိစ္စနဲ့ သွားသမျှ နေရာတကာ မလိုက်စေချင်ဘဲ အိမ်မှာ ဂီတနားထောင်၊ ရုပ်ရှင်ကြည့်၊ အနားယူ အပန်းဖြေ နေစေချင်တယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူ့အနီးမှာ နေနိုင်သမျှ တွယ်ကပ်ပြီး သူ့ဘေးမှာ အရိပ်တစ်ခု ဖြစ်ချင် တယ်။
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညအချိန်တွေမှာ တယ်လီဖုန်းထဲမှာ မက်ဆေ့ခ်ျစာလေးတွေ ရေး ပို့တတ်တယ်။
“နေ့လယ်က ကိုယ် ပြောလိုက်မိတာကို စိတ်ဆိုးလား”
“မနက်ဖြန်ကျရင် ကော်ဖီဆိုင်မှာ တွေ့ကြမလား”
“မေ ဘာလုပ်နေလဲ၊ စာဖတ်နေလား၊ သီချင်း နားထောင်နေလား”
ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ကို ချစ်တဲ့အခါ ညသန်းခေါင် တယ်လီဖုန်းနဲ့ စာပြန်မရေးတဲ့ သူမကို သဘောကျ စွာ ရယ်မောလို့ စာတစ်စောင် ပြန်ရေးလိုက်ရင်း ညကို အဆုံးသတ် လိုက်ရတယ်။
“မင်း အိပ်နေပြီ မဟုတ်လား၊ အိပ်မက်လှလှ မက်ပါစေ” တဲ့။
သူပြောတာတောင် နောက်ကျနေသေးတယ်။ မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်တဲ့အခါ သူမက ညအချိန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပြီး အိပ်မက်ထဲမှာ မွှေးပျံ့တဲ့ ပန်းပင်အောက်မှာ သူနဲ့အတူ ထိုင်ပြီး သူ့ပခုံးကို နွဲ့မှီထားတတ်ပါတယ်။ အိပ်မက်ထဲမှာ နှစ်ယောက်သား ပြုံးလို့ပေါ့။
ဂျူး
(သရဖူ၊ နိုဝင်ဘာလ၊၂၀၁၁)
*****************************************************************************************



 

သူပြတ်စဲချင်တိုင်းသာ သင်ပြတ်စဲချင်ခဲ့လျှင်
လမ်းခွဲဖြစ်ခဲ့တာကြာပါပြီ

သူဂရုမစိုက်တိုင်းသာ သင်ဂရုမစိုက်ခဲ့လျှင်
အေးစက်နေခဲ့တာ့ကြာပါပြီ

သူဖုန်းမဆက်တိုင်းသာ သင်လည်းဖုန်းမဆက်ဖြစ်ခဲ့လျှင်
အဆက်အသွယ်ပြတ်နေခဲ့တာကြာပါပြီ

ရန်ဖြစ်ပြီးတိုင်း သူစခေါ်မှသာသင်လည်းစ
ခေါ်မယ်ဆိုရင် ဝေးနေခဲ့တာလည်း ကြာပါပြီ

တခုခုမှားတိုင်း သူနားလည်မပေးသလိုသင်လည်းနားမလည်ပေးနိုင်ခဲ့လျှင်တယောက်တလမ်းလျှောက်နေခဲ့ရတာလည်းကြာပါပြီ

တချို့လူတွေရှိတယ်
ရန်ဖြစ်တိုင်းကိုယ့်ဘက်ကပဲစခေါ်
ကိုယ့်ဘက်ကပဲစဂရုစိုက်
ကိုယ့်ဘက်ကပဲနားလည်ပေး
ဒါပေမဲ့ သူတို့ဘက်ကတော့အဲဒါကိုတန်ဖိုးထားရကောင်းမှန်းမသိပါဘူး

တချို့ချစ်သူဆိုတဲ့ဆက်ဆံရေးတွေက
သင့်ဘက်ကကောင်းနိုင်လွန်းလို့သာတည်မြဲနေတာဖြစ်ပါတယ်

အဲဒီလိုဆက်ဆံရေးရှိခဲ့ရင်ပြန်စဉ်းစားပါ
သင်တဘဝလုံးအဲဒီလိုအခြေအနေမျိုးနဲ့ပျော်ရွှင်နိုင်မလား မပျော်ရွှင်နိုင်ဘူးလားဆိုတာ

တကယ်လို့မပျော်ရွှင်နိုင်ဘူးသေချာရင်တော့
ရှေ့တိုးမဲ့သင့်ခြေလှမ်းတွေအတွက်နောက်တကြိမ်လောက်ပြန်စဉ်းစားသင့်ပါတယ်

ချစ်သူဘဝမှာခြေတလှမ်းပြန်ဆုတ်ရတာနှလုံးသားတခုပဲနာကျင်ရပေမဲ့
အိမ်ထောင်သည်ဘဝရောက်လို့ခြေတလှမ်းပြန်ဆုတ်ရရင်တော့ နှလုံးသားတခုတည်းတင်မဟုတ်ပဲ ဘဝပါနာကျင်ရတတ်ပါတယ်

 
ဘယ်လိုအခြေအနေမျိုးမှာမဆို သင့်ချစ်သူအပေါ် သစ္စာရှိပါ!!
သင်သာ သူ့ကို တကယ် တန်ဖိုးထားရင် သူလည်း သင့်တန်ဖိုးကိုသိပြီး သင့်ကို ပြန်တန်ဖိုးထားပါလိမ့်မယ်!! ♥ ♥
 

ငါ့ကို လူတကာက ဝိုင်းပြီး လက်ညှိုးထိုးကဲ့ရဲ့ကြရင်တောင် ..
ငါ့ကြောင့် နင့်သိက္ခာလုံးဝမကျစေရဘူး။ ။

ငါ့မှာ စိတ်ညစ်စရာတွေအများကြီးရှိရင်တောင် ..
ငါ့ကြောင့် နင်စိတ်မရှုပ်စေရဘူး။ ။

ငါ့ကို လူတွေအားလုံးက လျစ်လျူရှုထားရင်တောင် ..
ငါ့ကြောင့် နင့်မျက်နှာလေး မညှိုးနွမ်းစေရဘူး ။ ။

အကြောင်းအမျိုးမျိုးကြောင့် ငါငိုကြွေးနေရရင်တောင် ..
ငါ့ကြောင့် နင်အပြုံးမပျက်စေရဘူး ။ ။

နောက်ဆုံး နင် ငါ့ကို ကျောခိုင်းသွားခဲ့ရင်တောင် ..
နင်ပျော်မယ်ထင်တဲ့နေရာ
( ငါ့ထက် နင့်ကို ပိုချစ် ပိုမြတ်နိုး ပိုတန်ဖိုးထားမယ့်သူဆီ )ကို ငါ့နှလုံးသားကိုစတေးပြီး ပို့ဆောင်ပေးမယ့် ..
နင့်ကို ချစ်တဲ့ တစ်ဦးတည်းသောသူ "ငါ" ♥
   


မိန်းကလေးတွေဟာ ရင့်ကျက်မှုမရှိကြဘူး ...
သူတို့ကို ဂရုစိုက်တာ, အလေးပေးတာ, အာရုံစူးစိုက်တာကို အမြဲ ခံချင်ကြတယ် ..
သူတို့ဟာ စိတ်ခံစားမှုလည်း ပြင်းထန်ကြတယ် ...
ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးအတွက်တောင် မျက်ရည်ကျတတ်ကြတယ် ...

သူတို့က ရှေ့နေတွေနဲ့လည်း တူသေးတယ် ...
မှန်တဲ့ကိစ္စကို အမှားလုပ်နိုင်ပြီး မှားတဲ့ကိစ္စကိုလည်း အမှန်လုပ်နိုင်ကြတယ် ....

သူတို့ဟာ ဟန်ဆောင်လည်းကောင်းကြတယ် ...
ရင်ထဲမှာ ငိုနေရင်တောင် အပြင်မှာ ပြုံးနေတတ်ကြတယ် ..


ဒါပေမယ့် မိန်းကလေးတွေဟာ

ခွင့်လွှတ်နိုင်စွမ်းရှိတယ် ...

ချစ်ခင် ကြင်နာတတ်တယ် ...

ဂရုစိုက်တတ်ကြတယ် ...

ယုံကြည်လေးစားမှုလည်း ရှိကြတယ် ...


 
မိန်းကလေးတစ်ယောက်က သင့်ကို သူ့ချစ်သူအဖြစ် ရွေးချယ်လိုက်တယ်ဆိုရင် .. (များသောအားဖြင့်) အဲ့ဒါဟာ တစ်ဘ၀လုံးစာ အတွက်ပါပဲ ♥♥♥


ငါနင့်ကြောင့် ငိုကြွေးတာဟာ တုံးအ မိုက်မဲလို့ မဟုတ်ဘူး ...

ငါနင့်ကြောင့် စိတ်ဓါတ်ကျတာဟာ ရှုံးနိမ့်သွားလို့ မဟုတ်ဘူး ...

ငါ့နင့်အပေါ် စိတ်ကူးယဉ်အိမ်မက်တွေ ရှိနေတာဟာ စွဲလမ်းမှုသက်သက် မဟုတ်ဘူး ...

ငါနင့်ကို အသဲစွဲဖြစ်နေတာဟာ တခြားသူတွေနဲ့ အဆင်မပြေလို့ မဟုတ်ဘူး ...

ငါနင့်ကို ရူးသွပ်နေတာဟာ ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်လို့ မဟုတ်ဘူး ...

ငါနင့်အတွက် ခံစားရသမျှ အားလုံးဟာ တခြားတယောက်အပေါ် မထားနိုင်တဲ့ အချစ်မျိုးနဲ့
နင့်ကို ချစ်မိနေလို့ပါဟာ ...



နင်ပေးခဲ့တဲ့အမှတ်တရတွေကြောင့် ငါ့အလွမ်းတွေကြွေကျနေပါစေ..
နင် ပျော်မယ်ဆိုရင် ငါကျေနပ်တယ်။

နင့်ကြောင့် ငါ့မာနတွေမြေခနေပါစေ ..
နင် ပျော်မယ်ဆိုရင် ငါကျေနပ်တယ်။

ငါသိပ်ချစ်တဲ့နင်က တခြားသူရင်ခွင်ထဲမှာရောက်ရှိနေပါစေ ..
နင် ပျော်မယ်ဆိုရင် ငါကျေနပ်တယ်။

ငါနဲ့ဝေးရာကိုထွက်သွားမှ နင်ပျော်ရွှင်မှာတဲ့လား ??

ဝမ်းနည်းမှုကို မျိုသိပ်ရင်း..
ဝေ့ခနဲတက်လာတဲ့ မျက်ရည်စတွေကို ..
ဟန်ဆောင်အပြုံးနဲ့ ငါ မျက်တောင်ခတ်သိမ်းလိုက်နိုင်ခဲ့တယ်။

ငါမတားရက်တော့ပါဘူး ။

ငါချစ်တဲ့သူ ပျော်ရွှင်ဖို့ ငါ့နှလုံးသားကို စတေးပေးရတာပဲ ။
ငါ .. ကျေနပ်ပါတယ်လေ ။ ♥ ။



သင် လူတစ်ယောက်အပေါ် အကြွင်းမဲ့ယုံကြည်မိရင် ... နောက်ဆုံး ...

သင့်ဘ၀အတွက် အကောင်းဆုံး လူတစ်ယောက် (ဒါမှမဟုတ်)

သင့်ဘ၀အတွက် အကောင်းဆုံး သင်ခန်းစာ

အဲ့ဒီ့ နှစ်မျိုးထဲက တစ်မျိုးကို ရလိမ့်မယ် !!!

 




နင် မမေ့ပါနဲ့ ။
တချိန်က လူတွေနင့်ကို ဝိုင်းပြီးလက်ညှိုးထိုး ကဲ့ရဲ့ကြတဲ့အချိန်က ငါ နင့်ဘက်ကနေ မားမားမတ်မတ်ရပ်တည်ပေးခဲ့တယ် ။ ။

နင် မမေ့ပါနဲ့ ။
တချိန်က ငါ့ကြောင့် နင့်ရဲ့အေးစက်စက်အပြုံးတွေ လှပပြီးအသက်ဝင်ခဲ့ဖူးတယ် ။ ။

နင် မမေ့ပါနဲ့ ။
တချိန်က နင့်ရဲ့အလိမ်အညာတွေအောက်မှာ ငါကိုယ်တိုင်ကျရှုံးပေးခဲ့ဖူးတယ် ။ ။

နင် မမေ့ပါနဲ့ ။
တချိန်က မယုံကြည်သင့်တဲ့နင့်ကို ငါကိုယ်တိုင် နားလည်မှုတွေအထပ်ထပ်ပေးပြီး အကြိမ်ပေါင်းများစွာခွင့်လွှတ်ပေးခဲ့ဖူးတယ် ။ ။

နင် မမေ့ပါနဲ့ ။
တချိန်က နင့်ရဲ့ဥပေက္ခာတွေကိုတောင် ငါမမှုပဲ နင့်အနားမှာဆက်နေရင်း နင့်ကိုဆက်ချစ်ပေးခဲ့ဖူးတယ် ။ ။


ငါလိုလူကို ..
_ နင် မုန်းချင်မုန်းသွားနိုင်မှာပါ
_ နင် မေ့ချင်မေ့သွားနိုင်မှာပါ
_ နင့်ဘဝထဲက ထုတ်ပစ်ကောင်းထုတ်ပစ်နိုင်မှာပါ ..

ဒါပေမယ့် ..
နင် မမေ့ပါနဲ့ ။ ။
♥ တချိန်က နင့်ဘဝထဲ ငါရှိခဲ့ဖူးတယ် ♥






သင်ချစ်တဲ့သူတွေဟာ သင့်ဘ၀ထဲကနေ အချိန်မရွေး ထွက်ခွာသွားနိုင်ပါတယ် ... ဒါကြောင့် သင့်ဘေးမှာ ရှိနေတဲ့ အခိုက်အတန့်မှာ သူတို့ကို ဂရုစိုက်ကြင်နာဖို့ မမေ့ပါနဲ့!!

♥ နင်ငါ့ကို လိမ်ညာလို့ ငါခံစားရတာထက် ငါနင့်ကိုမယုံကြည်နိုင်တော့တဲ့တစ်နေ့ နင်ပိုခံစားရလိမ့်မယ် ...

♥ နင်ငါ့ကို ဂရုမစိုက်လို့ ငါခံစားရတာထက် ငါနင့်ကို ဥပေက္ခာပြုလိုက်တဲ့တစ်နေ့ နင်ပိုခံစားရလိမ့်မယ် ...

♥ နင်ငါ့အပေါ် သစ္စာမရှိလို့ ငါခံစားရတာထက် ငါနင့်ကို စိတ်နာသွားတဲ့တစ်နေ့ နင်ပိုခံစားရလိမ့်မယ် ...

♥ နင်ငါ့အချစ်တွေကို တန်ဖိုးမထားလို့ ငါခံစားရတာထက် ငါနင့်ဘေးမှာ မရှိတော့တဲ့တစ်နေ့ နင်ပိုခံစားရလိမ့်မယ် ...

♥ နင်ငါ့ကို မျက်ရည်ကျအောင်လုပ်လို့ ငါခံစားရတာထက် နင့်မျက်ရည်တွေကို သုတ်ပေးမယ့် ငါ့လက်တစ်စုံမရှိတော့တဲ့တစ်နေ့ နင်ပိုခံစားရလိမ့်မယ် ...

♥ နင်ငါ့ကို ပေးခဲ့တဲ့ကတိတွေ မတည်လို့ ငါခံစားရတာထက် ငါ့အချစ်တွေ နင့်အပေါ်မတည်မြဲနိုင်တော့တဲ့တစ်နေ့ နင်ပိုခံစားရလိမ့်မယ်...


♥ ငိုကြွေးရတာထက် ဟန်ဆောင်ပြီးပြုံးပြရတာ ပိုပင်ပန်းတယ် ...

♥ ၀မ်းနည်းရတာထက် ဘာမှမဖြစ်သလိုနေပြရတာ ပိုပင်ပန်းတယ် ...

♥ စိတ်ဆိုးလိုက်တာထက် ( ခွင့်မလွှတ်နိုင်ဘဲ ) ခွင့်လွှတ်ပြရတာက ပိုပင်ပန်းတယ် ...

♥ သ၀န်တိုရတာထက် သဘောထားကြီးပြရတာ ပိုပင်ပန်းတယ် ...

♥ လောကမှာ ဟန်ဆောင်ရတာ အပင်ပန်ဆုံး အလုပ်ပါ ... ဒါပေမယ့် ငါဘယ်လောက်ပဲ ပင်ပန်းပါစေ ... နင်စိတ်ချမ်းသာအောင်တော့ ငါဆက်ပြီး ဟန်ဆောင်နေမိဦးမှာပဲ ချစ်သူ ... ♥

♥ ငါဟာ ဇီဇာကြောင်တတ်တဲ့လူတစ်ယောက်တော့ မဟုတ်ပါဘူး ...
ဒါပေမယ့် *ချစ်တယ်* ဆိုတဲ့ စကားကိုတော့ နင့်ဆီကပဲ အမြဲကြားချင်တယ် ...

♥ ငါဟာ ပျော့ညံ့တဲ့လူတစ်ယောက်တော့ မဟုတ်ပါဘူး ...
ဒါပေမယ့် အခက်အခဲတွေနဲ့ ကြုံတဲ့အချိန်မှာတော့ နင့်လက်လေးကို ဆုပ်ကိုင်ထားချင်တယ် ...

♥ ငါဟာ အားငယ်တတ်တဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး ...
ဒါပေမယ့် လောကဓံရဲ့ထိုးနှက်ချက်တွေနဲ့ ကြုံတဲ့အချိန်မှာတော့ နင့်ဆီက အားပေးမှုကို လိုချင်တယ် ....

♥ ငါဟာ ၀မ်းနည်းတတ်တဲ့ လူတစ်ယောက်တော့မဟုတ်ပါဘူး ...
ဒါပေမယ့် ငိုကြွေးမိတဲ့ အချိန်မှာတော့ နင့်ရင်ခွင်ထဲ ခေါင်းတိုးဝင်ချင်တယ် ...

♥ ငါဟာ အတ္တကြီးတဲ့ လူတစ်ယောက်တော့ မဟုတ်ပါဘူး ...
ဒါပေမယ့် ငါချစ်တဲ့နင့်ကိုတော့ ငါတစ်ယောက်တည်းပဲ ပိုင်ချင်တယ် ....

♥ သင်ငိုကြွေးနေချိန်မှာ သူလည်းအတူငိုကြွေးလိမ့်မယ် ... သင်အငိုတိတ်ချိန်မှာတော့ သူကအားပေးတဲ့အပြုံးလေး ပြုံးပြလိမ့်မယ် ...

♥ သင်ဘာမှမကြားချင်လောက်အောင် စိတ်ညစ်နေချိန် သူက သင်မှီဖို့ပုခုံးတစ်ဖက်နဲ့အတူ သင့်ဘေးမှာတိတ်ဆိတ်စွာ နေပေးလိမ့်မယ် ...

♥ သင့်ရင်ထဲ မကျေနပ်မှုတွေ ၀မ်းနည်းမှုတွေနဲ့ပြည့်ကြပ်နေချိန် သူက သင်ရင်ဖွင့်သမျှကို မညည်းမညူ နားထောင်ပေးလိမ့်မယ် ...

♥ သင်လဲကျနေချိန် သူက ကြင်နာတဲ့လက်အစုံနဲ့ ဆွဲထူပေးလိမ့်မယ် ...

♥ သင်အားငယ်နေချိန် သူက အလှပဆုံးအပြုံးတစ်ပွင့်နဲ့ အနွေးထွေးဆုံးစကားလုံးတွေကို လက်ဆောင်ပေးလိမ့်မယ် ...

♥ သင်အရာအားလုံးကို ဆုံးရှုံးလိုက်တဲ့ အချိန်မှာတောင် သူက သင့်ကိုစကားတစ်ခွန်းပြောလိမ့်မယ် .. * ငါ့ကိုတော့ နင်ပိုင်ပါသေးတယ် * လို့ ....

**********************************************************************

>>> လူတိုင်း သင်နဲ့အတူရယ်မောနိုင်ပါတယ် ...
ဒါပေမယ့် သင်နဲ့အတူငိုကြွေးနိုင်မယ့် လူကတော့ ရှားပါးလိမ့်မယ် ...

>>> သင့်ဘ၀မှာ ရည်းစားတစ်ယောက် ဆုံးရှုံးသွားရင် နောက်တစ်ယောက်ဆိုတာ အချိန်မရွေး ပြန်ရနိုင်ပါတယ် ...
ဒါပေမယ့် ပြန်ရဖို့ ခက်ခဲတဲ့ သင့်ဘ၀ရဲ့ *အားပေးဖော်* ကိုတော့ ဘယ်တော့မှ မဆုံးရှုံးစေနဲ့!!

**********************************************************************


♥ ယောက်ျားလေးတွေက ချမ်းသာတဲ့ဒဏ်ကိုမခံနိုင်ဘူး ...
♥ မိန်းကလေးတွေကျတော့ ဆင်းရဲတဲ့ဒဏ်ကိုမခံနိုင်ဘူး ...

♥ ယောက်ျားလေးတွေရဲ့ အားနည်းချက်က ကိုယ့်ကိုယ်ကို အထင်ကြီးတာ...
♥ မိန်းကလေးတွေရဲ့ အားနည်းချက်က သူတစ်ပါးကို အထင်ကြီးတာ ...

♥ ယောက်ျားလေးတွေက သူတို့ချစ်တဲ့သူကို ဂရုစိုက်တတ်ကြတယ် ...
♥ မိန်းကလေးတွေကျတော့ သူတို့ကိုဂရုစိုက်တဲ့သူကိုမှချစ်တတ်ကြတယ်...

♥ ယောက်ျားလေးတွေက သ၀န်တိုခံရရင် စိတ်ရှုပ်တတ်ကြတယ် ...
♥ မိန်းကလေးတွေကျတော့ သ၀န်တိုခံချင်လို့တမင်အရွဲ့တိုက်ပြတတ်ကြတယ်..

♥ ယောက်ျားလေးတွေက မကြာခဏ လိမ်ညာတတ်ကြတယ် ...
♥ မိန်းကလေးတွေကျတော့ မကြာခဏ ဟန်ဆောင်တတ်ကြတယ် ....

♥ ယောက်ျားလေးတွေက တစ်ခုခုမကျေနပ်တာရှိရင် ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်ကြတယ် ...
♥ မိန်းကလေးတွေက တစ်ခုခုမကျေနပ်တာရှိရင် စကားမပြောဘဲ တိတ်ဆိတ်နေတတ်ကြတယ် ...




ကောင်လေးတွေဆိုတာ ..

>> ချစ်သူဆီကို ဖုန်းမဆက်ဖြစ်တဲ့နေ့သာရှိမယ် ~ Game မဆော့ဖြစ်တဲ့နေ့ကတော့ မရှိသလောက်ရှားတယ် ...

>> သူတို့ဘ၀တစ်လျှောက် ဘယ်လောက်ပဲ ပွေခဲ့ရှုပ်ခဲ့ပါစေ ... သူတို့ချစ်တဲ့ မိန်းကလေးကိုတော့ အသန့်စင်ဆုံး ဖြစ်စေချင်ကြတယ် ...

>> အပြင်ပန်းကြည့်ရင် မာကျောသလိုလိုနဲ့ မိန်းမတွေထက် သ၀န်တိုတတ်သလို မိန်းမတွေထက်လည်း စိတ်ထိခိုက်ခံစားတတ်ကြတယ် ...

>> ဖောက်ပြန်လိုတဲ့စိတ်နဲ့မဟုတ်ပေမယ့် ချောတဲ့ လှတဲ့ ကောင်မလေးတွေတွေ့တိုင်း လိုက်ကြည့်တတ်ကြတယ် ...

>> သ၀န်တိုတတ်တဲ့ မိန်းမထက် နားလည်မှုရှိတဲ့ မိန်းမကို ပိုမက်မောတတ်ကြတယ် ...

>> ချစ်သူဆီက ယုံကြည်မှုနဲ့ နားလည်မှုကို အမြဲလိုချင်ကြတယ် ..

>> ကောင်းကောင်းဆိုးဆိုး ချစ်သူချက်ကျွေးတဲ့ လက်ရာလေးကိုတော့ တစ်ခါလောက် စားချင်ကြတယ် ....

>> sOcial ကျတဲ့ ကောင်မလေးတွေကို ကြိုက်တတ်ကြပေမယ့် သာမန်ရိုးရိုးအေးအေးကောင်မလေးကိုပဲ လက်ထပ်ချင်ကြတယ် ...





မိန်းမဆိုတာ ...

>> ကိုယ်ချစ်တဲ့သူတွေဆီက ဂရုစိုက်တာ၊ ကြင်နာယုယတာကို ခံချင်ကြတယ် ...

>> နောက်ကွယ်မှာမလိုက်နာရင်နေပါစေ..ရှေ့မှာသူပြောသမျှ ခေါင်းညိတ်ယုံနဲ့ ကျေနပ်နေတတ်ကြတယ် ...

>> အားတဲ့အချိန် ကိုယ့်အတွေးနဲ့ကိုယ် ပြန်နှိပ်စက်နေတတ်ကြတယ် ...

>> ဘေးမှာအားပေးမယ့်သူမရှိတဲ့အချိန် ပိုပြီး အားငယ်တတ်ကြတယ် ...

>> ချော့မယ့်သူရှိရင် ပိုပြီးငိုချင်လာတတ်ကြတယ် ...

>> ရင်ထဲမှာ အရမ်းခံစားနေရပေမယ့် *ငါဘာမှမဖြစ်ပါဘူး* လို့ပြောတတ်ကြတယ် ...

>> စိတ်တိုနေတဲ့အချိန် စကားလာပြောရင် ပြောတဲ့လူကို (ဘာမှမဆိုင်ဘဲ) အော်ငေါက်တတ်ကြတယ် ...

>> သူစိတ်ဆင်းရဲနေရင် ချစ်သူကောင်လေးမသိအောင် ဟန်ဆောင်ပြုံးထားတတ်ပေမယ့် ချစ်တဲ့သူစိတ်ဆင်းရဲနေရင်တော့ ဟန်မဆောင်နိုင်အောင် စိတ်ထိခိုက်တတ်ကြတယ် ...

>> သူ့အပေါ်တစ်ခါလိမ်ထားဖူးတဲ့သူကို အမြဲလိုလို သံသယမျက်လုံးနဲ့ကြည့်တတ်တယ် ...

>> ပတ်ဝန်းကျင်ပြောသမျှစကားကိုတော့ ယုံတတ်ပြီး ချစ်သူပြောတဲ့စကားဆိုရင်တော့ ယုံကြည်ဖို့ ၀န်လေးတတ်ကြတယ် ...

 *******************************************************************


♥ ဘယ်လောက်ပဲ ရင့်ကျက်ပါပြီပြောပြော တစ်ခါတစ်လေတော့လည်း ကလေးဆန်မိဦးမှာပေါ့ ....

♥ ဘယ်လောက်ပဲ နားလည်မှုရှိတယ်ပြောပြော တစ်ခါတစ်လေတော့လည်း စိတ်ကောက်မိဦးမှာပေါ့ ...

♥ ဘယ်လောက်ပဲ စိတ်ချပါတယ်ပြောပြော တစ်ခါတစ်လေတော့လည်း စိတ်ပူမိဦးမှာပေါ့ ...

♥ ဘယ်လောက်ပဲ ယုံကြည်ပါတယ်ပြောပြော တစ်ခါတစ်လေတော့လည်း သ၀န်တိုမိဦးမှာပေါ့ ...

♥ ဘယ်လောက်ပဲ ဥပေက္ခာပြုနိုင်တယ်ပြောပြော တစ်ခါတစ်လေတော့လည်း မျက်ရည်ကျမိဦးမှာပေါ့ ....

♥ နှလုံးသားတစ်ခုလုံးကိုတောင် ရင်းပြီးချစ်ခဲ့ပြီးပြီပဲ ... ဘာလို့ အသေးအမွှားကိစ္စလေးအတွက် ရန်ဖြစ်နေဦးမှာလဲ??

♥ ပစ္စုပ္ပန်မှာ နင့်ဘေးနား ငါရှိနေပြီပဲ ... ဘာလို့ အနာဂါတ်ကိုတွေးပြီး စိတ်ပူနေမှာလဲ??

♥ ရင်ဘတ်ချင်းတောင် ထပ်တူကျနေပြီပဲ ... ဘာလို့ မာနဆိုတဲ့ အလွှာပါးလေး ခြားထားဦးမှာလဲ??

♥ ငိုကြွေးဖို့အတွက် ငါ့ရင်ခွင်တစ်ခုလုံး ရှိနေပြီပဲ ... ဘာလို့ တစ်ယောက်တည်းကြိတ်ပြီး ခံစားနေဦးမှာလဲ??

 ***********************************************************************


ကောင်လေးတစ်ယောက်က

♥ သူဂိမ်းဆော့နေတဲ့အချိန် သင့်ဖုန်းကိုကိုင်ရင် ...

♥ သင့် SMS တွေကို ငါးမိနစ်အတွင်း reply လုပ်ရင် ...

♥ သူ့ဖုန်းထဲမှာ သင့် SMS အဟောင်းတွေရှိနေရင် ...

♥ သူ့အတိတ်အကြောင်းတွေ သင့်ကို အမှန်အတိုင်းပြောပြရင် ...

♥ သင့်ဆီကို အချိန်မှန်ဖုန်းဆက်ရင် ...

♥ သူ့မိဘတွေကို သင့်အကြောင်းပြောပြထားရင် ...

♥ သင့်အတိတ်နဲ့ သင့်အဆိုးအကောင်းမှန်သမျှကို လက်ခံနိုင်ရင် ...

♥ သင့်အပေါ် နားလည်ပေးနိုင်ရင် ...

သူ့အချစ်ကို သင်လက်ခံလို့ ရပါပြီ ;)

*********************************************************************

ငါချစ်သလို မင်းပြန်ချစ်ဖို့ မတောင်းဆိုပါဘူး..
အချိန်တိုင်း မင်း ရူးသွပ်နေရမှာ စိုးလို့ပါ...

ငါလွမ်းသလို မင်းပြန်လွမ်းဖို့ မတောင်းဆိုပါဘူး...
အချိန်တိုင်း မင်း နာကျင်ခံစားနေရမှာ စိုးလို့ပါ...

မင်းဆီကနေ တောင်းဆိုခွင့်ရှိမယ်ဆိုရင်
တခုပဲ တောင်းဆိုပါရစေ...

မင်းချစ်တဲ့သူ...
မင်းလွမ်းတဲ့သူ...က
ငါကလွဲပြီး...
တခြားတယောက်မဖြစ်ပါစေနဲ့လို့...

 *********************************************************************

♥ တယောက်တည်း အထီးကျန်ဖြစ်နေလို့ နာကျင်ခံစားရတာ မဟုတ်ပါဘူး..

သင့် နှလုံးသားထဲကနေ မေ့ဖျောက်လို့ မရတဲ့ လူတယောက်က

သင့်ကို သတိမရတော့ဘူး ဆိုတဲ့ အသိကသာ သင့်ကို နာကျင်စေတာပါ..


♥ လွမ်းရဆွေးရလွန်းလို့ ပင်ပန်းတယ်...တော်ပီ ဆက်မချစ်တော့ဘူးဆိုပြီး

နီးစပ်ရာမှာ အသစ်ရှာတဲ့သူဟာ....အမိုက်မဲဆုံးလူနဲ့

မချစ်သင့်ဆုံး လူပါ..


♥ အလွမ်းဆိုတာ အချစ်ရဲ့ သင်္ကေတမို့ မလွမ်းရတဲ့ ချစ်ခြင်းဆိုတာ မရှိပါဘူး

အချစ်ဆိုတဲ့ ခံစားချက်နောက်မှာ..အလွမ်းဆိုတာ အမြဲရှိပါတယ်..

နယ်မြေတွေ ဝေးကွာနေတဲ့ ချစ်သူနှစ်ယောက်ကြားမှာပဲ

အလွမ်းဆိုတာ ရှိတာ မဟုတ်ပါဘူး ... ခြံချင်းကပ်နေတဲ့ ချစ်သူတွေတောင်

မတွေ့ရတဲ့ အချိန်လေးမှာ လွမ်းနေတတ်ကြ ပါတယ်...


♥ အလွမ်းကြောင့် သင် ဘယ်လောက် နာကျင် ခံစားရ ခံစားရ..

သင်အရမ်းလွမ်းနေတဲ့အချိန်...သင့်ချစ်သူကလည်း

သင့်ကို ပြန်လွမ်းနေတယ်...သတိရနေတယ်ဆိုတာ သိလိုက်ရတဲ့

အခိုက်အတန့်လေးတိုင်းမှာ သင်အနည်းဆုံး တခေါက်ပြုံးနေပါလိမ့်မယ်..


♥ အလွမ်းက အချစ်တွေကို ဆပွားစေပါသေးတယ်...

ဖုန်းလေးထဲကနေဖြစ်ဖြစ်...အင်တာနက်ပေါ်ကနေဖြစ်ဖြစ်...

ဟိုးခေတ်တုန်းကလို စာလေးထဲကနေပဲဖြစ်ဖြစ်...

တနည်းနည်းနဲ့ တယောက်နဲ့တယောက်

အရမ်းချစ်တယ်ကွာ...အရမ်းလဲ လွမ်းတာပဲ...ဆိုတာလေးကို

သိကြားလိုက်ရတဲ့အချိန်လေးမှာ...အချစ်စိတ်တွေက

သင့်ရင်ကို တလှပ်လှပ်နဲ့ ဖြစ်စေမှာပါ...


♥ စာဆိုတခုရှိပါတယ်...

အလွမ်းတွေ တပုံတမနဲ့ ဝေးကွာနေတဲ့ ချစ်သူနှစ်ဦး ပြန်ဆုံတဲ့အချိန်ဟာ

သူတို့နှစ်ဦးအတွက် လက်ထပ်တဲ့အချိန် ပြီးရင်...

ဒုတိယ အမျှော်လင့်ဆုံးအချိန်နဲ့ ပျော်ရွှင်ဖွယ်ရာ

အကောင်းဆုံး အခိုက်အတန့်တွေပါတဲ့..


*********************************************************************


သမုဒ္ဒရာကို ခြေထောက် ရေမစိုဘဲ ကူးဖြတ်လို့ရနိုင်ပေမယ့်.

ဘ၀ကိုတော့ မျက်ရည်မကျဖူးဘဲ ဖြတ်သန်းလို့ မရနိင်ဘူး..


စမ်းချောင်းလေးဖြစ်နေလို့ အားမငယ်ပါနဲ့...
ပင်လယ်ရေ ဘယ်လောက်များများ
ရေငတ်သူအဖို့ တန်ဖိုးမရှိပါဘူး...

ဖယောင်းတိုင်လေးဖြစ်နေလို့ အားမငယ်ပါနဲ့..
နေမင်းကြီး ဘယ်လောက်ထွန်းလင်းပါစေ
ဘုရားစင်ပေါ်တင်ပြီး ပူဇော်လို့မရနိုင်ပါဘူး...

နယ်ရုပ်လေးဖြစ်နေလို့ အားမငယ်ပါနဲ့...
နယ်ရုပ်လေး ကင်းဝင်တာက
စစ်တုရင်တပွဲလုံးကို အဆုံးအဖြတ်ပေးသွားနိုင်ပါတယ်...

လူ့ဦးနှောက် အောက်နားမှာရှိတဲ့ pituitary gland ဟာ ဇီးစေ့ပမာဏလောက်ပဲရှိပါတယ်...
ဒါပေမဲ့ သူထုတ်တဲ့ ဟော်မုန်းတွေက
လူတယောက် အသက်ရှင်ဖို့အတွက် မရှိမဖြစ်လိုအပ်ပါတယ်...

သင့်ဘ၀အခြေအနေ နိမ့်ကျလို့ အားမငယ်ပါနဲ့...
လူအဖြစ် မွေးလာကတည်းက တန်ဖိုးမဲ့တဲ့လူဆိုတာ မရှိပါဘူး..
တန်ဖိုးမဲ့အောင်နေတဲ့လူပဲ ရှိပါတယ်...
သုညတောင် တန်ဖိုးရှိအောင် နေတတ်ရင်
တန်ဖိုးရှိပါတယ်...



********************************************************************

♥ ကြိုမမြင်နိုင်တဲ့ မနက်ဖြန်မှာ ပြောင်းလဲမှုတွေ အများကြီး ဖြစ်သွားနိုင်တဲ့အတွက် သင်ချစ်တဲ့သူကို တတ်နိုင်သမျှ အရာအားလုံးထက် ပိုပြီး ဦးစားပေးသင့်ပါတယ် ... ♥

သူနဲ့ပတ်သက်တဲ့သတင်းတွေကို အခုထိ နားစွင့်မိနေသေးတုန်းလား ??
ဒါဆိုရင်တော့ သေချာပါတယ်
သင် သူ့ကို မမေ့သေးဘူးးး

လွမ်းမိတဲ့အချိန်တိုင်း သူ့အကြောင်းစဉ်းစား ။ သူ့ဓါတ်ပုံတွေထုတ်ကြည့်ပြီး ငိုနေသေးတုန်းလား ??
ဒါဆိုရင်တော့ သေချာပါတယ်
သင် သူ့ကို မမေ့သေးဘူးးး

သင့် phone screen ပေါ်မှာ ဘယ်တော့မှပေါ်မလာတော့မယ့် အရင်းနှီးဆုံးနံပါတ်လေး တစ်ခုကို အခုထိစောင့်မျှော်နေတတ်တုန်းလား ??
ဒါဆိုရင်တော့ သေချာပါတယ်
သင် သူ့ကို မမေ့သေးဘူးးး


ကိုယ့်စိတ်ထဲက အလွယ်တကူ
မေ့လို့မရနိုင်တဲ့အရာတွေကို
အတင်းမေ့ပစ်ဖို့ မကြိုးစားပါနဲ့
မေ့ဖို့ကြိုးစားလေလေ ကိုယ်က ပိုခံစားရလေပဲ ..

အမှတ်တရ ဆိုတာမျိုးက ဖန်တီးရတာ သိပ်လွယ်ကူပေမယ့် ..
ဖျောက်ဖျက်ပစ်ဖို့ကျတော့ သိပ်ခက်ခဲလွန်းတယ်လေ ..

သင့်ကို တကယ်နားလည်တဲ့သူ ဆိုတာ

သင့်အပြုံးနောက်ကွယ်က ၀မ်းနည်းမှုကို မြင်နိုင်တယ် ...

သင့်ဒေါသနောက်ကွယ်က ချစ်ခြင်းမေတ္တာကို ခံစားနိုင်တယ် ...

သင့်တိတ်ဆိတ်ခြင်းနောက်ကွယ်က အကြောင်းတရားကိုလည်း သူသိနေပြန်တယ် ...


*********************************************************************



မင်္ဂလာဆောင်စတုန်းက
သူမချမ်းသာဘူး။ သူမနဲ့အတူ အိမ်အိုတစ်လုံးမှာ သူတို့နေခဲ့ကြတယ်။ သူမက
မြောက်အရပ်ကလာသူဖြစ်တယ်။ ဒါကြောင့် အေးခဲတဲ့ဆောင်းဒဏ်ကို အခန်းထဲက
အနွေးဓာတ်နဲ့ အံတုတဲ့အကျင့် သူမမှာပါခဲ့တယ်။ ဒီအိမ်အိုမှာ အနွေးပေးစက်
မရှိဘူး။ လေမလုံဘူး။ မကြာပါဘူး.. သူမအပြင်းဖျားခဲ့တယ်။ သူမရဲ့ကုတင်ဘေးမှာထိုင်ပြီး သူ့ရင်တွေ နာကျင်ခဲ့ရတယ်။

အဖျားသက်သာခဲ့ပေမယ့် အိပ်ရာမဝင်ခင် သူမခြေထောက်ကို ဆေးကြောပေးတတ်တဲ့အကျင့် သူမှာကျန်ခဲ့တယ်။
အငွေ့တထောင်းထောင်းထနေတဲ့ ရေနွေးပူပူထဲ သူမခြေထောက်ကို စိမ်ပေးတတ်တယ်။
ဖွဖွလေး၊ ညင်ညင်သာသာလေး၊ သူမခြေထောက်ကို သူနှိပ်နယ်ပေးတတ်တယ်။
ခြေထောက်တစ်စုံကို ဆေးကြောနေတယ်လို့ သူ မမြင်ဘဲ အဖိုးတန်တဲ့ကြွေထည်တစ်ခုကို
ကိုင်တွယ်နေတယ်လို့ သူထင်ခဲ့တယ်။

သူမခြေထောက်ကို ဆေးကြောပေးပြီးရင် အဝတ်ခြောက်အောင် သူသုတ်ပေးတတ်တယ်။ ပြီးမှအေးစက်တဲ့
လက်ကျန်ရေနဲ့ သူ့ခြေကိုဆေးခဲ့တယ်။ ရေအေးတွေကိုပူသယောင် သူမထင်အောင်
သူဟန်ဆောင်ကောင်းခဲ့တယ်။

သူ့ခြေရေရဲ့အပူချိန်ကို မစမ်းကြည့်လည်း သူမသိနေခဲ့တယ်။ သူမကို သူအဲဒီလို ရိုမန်တစ်ဆန်ဆန် ချစ်ခဲ့၊ ကြင်နာခဲ့တယ်။

ဆောင်းတွင်းမှာ တစ်ပတ်၂ကြိမ် သူမရေချိုးတတ်တယ်။ သူလည်းသူမလို အကျင့်လုပ်ထားပြီး သူမ
မချိုးခင် အရင်လုချိုးတတ်တယ်။ သူချိုးပြီးမှ သူမချိုးရတယ်။ တစ်နေ့မှာ
တီဗွီကလာတဲ့ အစီအစဉ်တစ်ခုကို ကြည့်ဖို့ သူမရေအရင်ချိုးချင်ခဲ့တယ်။ ဒါကို
သူလက်မခံဘူး။ အချိန်အတိကျနဲ့ လာတဲ့ အစီအစဉ်ကိုကြည့်ဖို့
သူမရေအရင်ချိုးမယ့် ကိစကို သူခါးခါးသီးသီးငြင်းခဲ့တယ်။ သူအရင်ချိုးမယလို့
မျက်နှာတည်နဲ့ပြောပြီး ရေချိုးခန်းထဲ သူဝင်သွားခဲ့တယ်။

သူမလက်ကို သူဆွဲလိုက်တဲ့အချိန် အားနည်းနည်းပါသွားတယ် ထင်ပါရဲ့....
သူမမျက်ရည်ဝဲတဲ့အထိ နာကျင်သွားခဲ့ရတယ်။ အရင်တုန်းက ဘာကိစ္စမဆို သူမကိုသူ
လိုက်လျောခဲ့တာချည်းပဲ။ အခု သူမရေအရင်ချိုးမယ်ဆိုတဲ့ အသေးအမွှားကိစ္စမှာ
သူဘာဖြစ်လို့ ဒီလောက်ခါးသီးနေခဲ့မှန်း သူမနားမလည်ခဲ့ဘူး။ သူမှာငွေမရှိ၊
ရွှေမရှိလည်း ရှိသမျှနဲ့ပုံအောချစ်မယ်လို့ သူမကို သူပြောခဲ့ဖူးတယ်။
သူမတစ်သက်မှာ နားဝင်အချိုဆုံးစကားမို့ အရမ်းပျော်ခဲ့တယ်။ ဒါပေမယ့်
အချိန်နဲ့အမျှ အဲဒီစကားတွေက အချိုးပြောင်းခဲ့ပြီလား?

စိတ်မကောင်းဖြစ်နေတဲ့ သူမကို သူချောမော့ခဲ့တယ်။ ဘာမဆို သူမသဘောအတိုင်း ဖြစ်ရမယ်ဆိုပေမယ့်
သူပဲရေအရင်ချိုးခဲ့တယ်။ အချိန်ကြာတော့ သူနဲ့ပြိုင်ပြီး သူမရေချိုးခန်း
လုမနေခဲ့တော့ဘူး။

ရာသီတစ်ပတ်လည်ပြီး ဆောင်းကုန်လို့ နွေရောက်လာခဲ့ပြန်တယ်။ ပတ်ဝန်းကျင်တစ်လုံးက ပေါင်းအိုးထဲ
ထည့်ပေါင်းထားသလား ထင်ရအောင် ပူပြင်းခဲ့တယ်။ ဆောင်းတွင်းမှာလို
ရေနွေးနဲ့ခြေ မစိမ်တော့ဘဲ ရေနေ့တိုင်းချိုးရတဲ့အဖြစ်ကို ရောက်ခဲ့တယ်။
ရေချိုးချိန်ရောက်တိုင်း ဘောလုံးပွဲကြည့်မယ်၊ သတင်းကြည့်မယ်နဲ့
သူအချိန်ဆွဲပြီး သူမကိုအရင်ချိုးခိုင်းခဲ့တယ်။ အရင်ကလို သူပြီးမှသူမ
ချိုးရတဲ့အစီအစဉ်ကို ပြောင်းပြန်လုပ်ပစ်ခဲ့တယ်။

တစ်နေ့မှာ သူ့ညီငယ်တစ်ယောက် မင်္ဂလာဆောင်ဖို့ဝယ်ထားတဲ့ အိမ်အသစ်ဆီ
သူတို့ရောက်လာခဲ့တယ်။ အဲဒီအိမ်မှာလည်း အနွေးပေးစက်မရှိခဲ့ဘူး။
ညီအိမ်ကိုရောက်တာနဲ့ ရေချိုးခန်းကို သူအရင်သွားကြည့်ခဲ့တယ်။
အခန်းကိုပတ်ကြည့်ပြီး ညီငယ်ကို... "အိမ်အသစ်က အိမ်အဟောင်းထက်
ကောင်းတယ်ဆိုတာ ပြောစရာမလိုဘူး။ အနွေးပေးစက်မရှိလည်း လေကလုံတယ်။ ဒါပေမယ့်
မိန်းမတွေက အအေးမိမှာ ကြောက်တတ်ကြတယ်ဆိုတာ မမေ့နဲ့နော်။
ဆောင်းတွင်းရောက်ရင် မင်းရေအရင်ချိုး.... ဒါမှရေချိုးခန်းက အေးစက်မနေမှာ။
ငါစမ်းကြည့်ဖူးတယ်... ရေချိုးပြီးရင် အေးစက်တဲ့အခန်းက အပူချိန်၁ဒီဂရီ
လောက်တက်တယ်"

အစ်ကိုအပြောကို ညီငယ်ကရယ်ပြီး...

"ဒီလိုဆိုရင် နွေရာသီမှာ မိန်းမကိုအရင်ချိုးခိုင်းရမယ်။ ဒါမှ အရင်ချိုးတဲ့လူက နောက်မှချိုးတဲ့လူထက် ၁ဒီဂရီအေးမြမယ် မဟုတ်လား အစ်ကို!"

ညီငယ်အမေးကို သူပြုံးပြီး ခေါင်းညိတ်ပြတယ်။

သူတို့အပြောကို သူမကြားသွားခဲ့တယ်။ သူမ မျက်ရည်ဝဲတဲ့အထိ ခံစားခဲ့မိတယ်။ ကိုယ့်ကိုလည်း တုံးအတယ်လို့ သူမအပြစ်တင်မိတယ်။

အိမ်အဟောင်းမှ အိမ်အသစ်၊ အနွေးပေးစက် မရှိတဲ့အိမ်မှ ရှိတဲ့အိမ်ဖြစ်သည့်တိုင်အောင်
သူကြိုးစားခဲ့ပေမယ့် အဲဒီအကျင့်ကို သူလုံးဝမဖျောက်ခဲ့ဘူး။ သူ့အကျင့်ရဲ့
အနက်အဓိပ္ပါယ်ကို သူမ မဖော်ဆောင်နိုင်ခဲ့ဘူး။

တစ်ညမှာ သူ့အတွက် သူမပထမဆုံးအကြိမ် ခြေဆေးရေထည့်ပေးခဲ့တယ်။ မငြင်းသာတဲ့အဆုံး
သူငြိမ်ခံခဲ့တယ်။ သူ့ခြေထောက်ကို ပွတ်သပ်ဆေးကြောပေးမှ သူခြေဖဝါးအောက်က
မာကျောနေတဲ့ အသားမာတွေကို သူမစမ်းခဲ့မိတယ်။ ဒီအိမ်အတွက်၊ ဒီမိသားစုအတွက်၊
ကြင်နာနွေးထွေးမှုတွေအတွက် သူပင်ပန်းခဲ့တယ်။ သူမကတော့ သူ့ကိုတစ်ခါမှ
ခြေဆေးမပေးခဲ့မိဘူး။

၁ဒီဂရီရဲ့အဓိပ္ပါယ်ကို သူမ မပြောခဲ့သလို ဘယ်သူရေအရင်ချိုးမယ်ဆိုတဲ့ အစီအစဉ်ကိုလည်း
မကန့်ကွက်ခဲ့တော့ဘူး။ ဒါတွေဟာ သူမကိုချစ်တဲ့ သူ့အကြင်နာတွေ၊ ဒီလိုနည်းနဲ့
သူမကို သူဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြနေတယ်ဆိုတာကို သူမနားလည်ခဲ့တယ်။

ဆောင်းမှာ သူမအတွက် အပူချိန်၁ဒီဂရီကို သူတိုးပေးခဲ့သလို နွေမှာသူမအတွက် အပူချိန်၁ဒီဂရီကို သူလျော့ပေးခဲ့တယ်။
၁ဒီဂရီ နွေးထွေးမှုလေးပါပဲ... ဒါပေမယ့် အဲဒီနွေးထွေးမှုထဲမှာ ၁ဝဝဒီဂရီအပြည့် အချစ်တွေပါခဲ့တယ်.....

*********************************************************************


အရောင်များမှတဆင့် သင့်ချစ်သူ၏ နှလုံးသားအတွင်းသို့ ၀င်ကြည့်ကြ ရအောင်နော်။ 

အရင်ဆုံး သင်၏ ချစ်သူကို ဘာအရောင်ကို အကြိုက်ဆုံးလဲလို့ မေးကြည့်လိုက်ပါ။ အဲဒီမှာ သင်၏ ချစ်သူပြောတဲ့ အရောင်ကို ကြည့်ပြီး သင်၏ ချစ်သူရဲ့ စိတ်သဘာဝကို ခန့်မှန်းကြည့်လို့ ရတာပေါ့။ အိုကေနော်။ အောက်မှာ အရောင်တွေက ပြောတဲ့ လူသား တွေရဲ့ စိတ်သဘာဝတွေ။
သင်၏ချစ်သူက အပြာရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အေးအေးဆေးဆေး နေလိုသူ ဖြစ်တယ်။ ပျော်ပျော်ရွှင်ရွှင် နေလိုသူ ဖြစ်တယ်။ ဆရာသမားတို့ မိတ်ဆွေ အပေါင်း အသင်းတွေအပေါ်မှာ သစ္စာရှိတယ်။ လူတကာကို မေတ္တာထားတတ်သူပေါ့။ အများအကျိုးကို သယ်ပိုးရွက်ဆောင်လေ့ ရှိတယ်။ ပြောရရင်တော့ ပရဟိတ စိတ်ပေါ့။ လူမှု့ ၀န်ထမ်း စိတ်လည်း ရှိတယ်။ နောက်ပြီး ရည်ရွယ်ချက် မြင့်မားတယ်။ ကိုယ့်ရဲ စိတ်ခံစားချက်ကို ကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်လှုပ်ရှားမှု့ကို ထိမ်းချုပ်နိုင်သူ တည်ငြိမ်သူလည်း ဖြစ်တယ်။ အိနြေ္ဒသိက္ခာနဲ့လည်း ပြည်စုံတယ်။ ဂတိစကား အလုပ်ကိုင်းစကား နဲ့ ပါတ်သက်လာရင်လဲ ယုံကြည် စိတ်ချရတယ်။ နောက်... သူဟာ ပါတ်ဝန်းကျင်နဲ့လဲ အဆင်ပြေပြေ ဖြစ်အောင် ပေါင်းသင်း ဆက်ဆံတတ်သူပါ။ ကိုယ့်ရဲ့ ချစ်သူအပေါ်မှာလဲ နားလည်ခွင့်လွှတ်တတ်သူ၊ အချစ်ကြီးသူ ဖြစ်တယ်။

သင်၏ချစ်သူက အနီရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သူဟာ ထက်မြက်တဲ့ တောက်ပြောင်တဲ့ အရည်အချင်း အရည်အသွေးတွေ ပိုင်ဆိုင်ထားသူ ဖြစ်တယ်။ သူ့ရဲ့ အနေအထိုင် အပြေအဆို အပြုအမူတွေဟာ သွက်လက်နေတယ်။ ရမ္မက်တော့ ပြင်းထန်တယ်။ နောက်ပြီး အကောင်းလေးလဲ ကြိုက်တတ်တယ်။ သည်းခံစိတ်နည်းပြီး ဒေါသတော့ နည်းနည်း ကြီးသလိုပဲ။ တစ်ကိုယ်ကောင်း ဆန်တတ်ပြီး လူတစ်ဖက်သားအပေါ် အနိုင်ယူချင်တဲ့စိတ်က များနေတယ်။ သူ့ရဲ့ စိတ်ဓာတ်က ခိုင်မာမယ်။ ရဲစွမ်းသတ္တိကတော့ အတော် ရှိပါတယ်။ နောက်ပြီး သူဟာ ဇွဲတော့ အတော် ကောင်းပါတယ်။ တစ်ခုခုကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့ သဘောသဘာဝရှိတယ်။ မဟုတ်ရင်တော့ နည်းနည်းလေးမှကို သည်ခံမနေတတ်ဘူး။ မျှော်လင့်ချက်နဲ့ ရည်ရွယ်ချက်လည်း သူတို့က မြင့်မြင့်မားမား စိတ်ကူးလေ့ ရှိတယ်။ စွန့်စား လုပ်ကိုင် ဆောင်ရွက်ရတဲ့ အလုပ်ကိစ္စတွေကို ၀ါသနာပါသူ ဖြစ်တယ်။ ဒါကြောင့် များသောအားဖြင့် ထင်ပေါ်ကျော်ကြားသူတွေ ဖြစ်တယ်။ တော်လှန်တတ်တယ်။ ပုန်ကန်တတ်တယ်။ တိုက်ခိုက်တတ်တယ်။

သင်၏ချစ်သူက အဖြူရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အဖြူရောင်ကတော့ အေးချမ်းတည်ငြိမ်တဲ့သဘောရှိတယ်။ ဖြူစင်သန့်ရှင်းတဲ့ သဘောရှိတယ်။ ရိုးသားတဲ့ သဘောလည်း ရှိတယ်။ အဲဒီတော့ အဖြူရောင် ကြိုက်သူတဲ့ သင်၏ ချစ်သူကတော့ အေးအေးချမ်းချမ်း သာသာယာယာ နေလိုသူ ဖြစ်တယ်။ သူဟာ သူတစ်ပါးကိုလည်း ဘယ်တော့မှ နစ်နာအောင် မလုပ်တတ်ဘူး။ ကိုယ်မှာ ရှိသလောက်လေးနဲ့ ပျော်ရွှင်နေတတ်တယ်။ လုံးဝ မကြွားတတ်ဘူး။ ဟန်တစ်လုံး ပန်တစ်လုံးလည်း မနေတတ်ဘူး။ လူတွေနဲ့ ဆက်ဆံတဲ့ အခါတွေဆိုရင်လည်း ဘယ်တော့မှ မောက်မောက်မာမာ အထက်စီးက ဆက်ဆံလေ့ မရှိပဲ ကိုယ့်ကို အမြဲ နှိမ်ချ ဆက်ဆံတတ်သူ ဖြစ်တယ်။ ပျော်ပျော်နေတတ်ပေမယ့် စည်းကမ်းတော့ ရှိတယ်။ သူတွေးလိုက်ရင်လည်း ရိုးရိုးရှင်းရှင်းပု တွေးတယ်။ သစ္စာတရားကို တန်ဖိုးထားတတ်တယ်၊ မြတ်နိုးတယ်။ ဘာကိုပဲ ဖြစ်ဖြစ် အရာရာကို အကောင်မြင်တတ်တယ်။ နေတာထိုင်တာ ၀တ်တာ စားတာ အားလုံး သန့်သန့်ရှင်းရှင်း နေတတ် ထိုင်တတ်တယ်။ သူ့ရဲ့ စိတ်ထားဖြူစင်မှု့ကို မြင်နေနရတယ်။ ကိုယ့်ရဲ့ ချစ်သူ ကိုလဲ ဖြူဖြူစင်စင် ချစိတတ်တယ်။

သင်၏ချစ်သူက အစိမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မယ်။ ဂတိတည်မယ်။ သစ္စာရှိတယ်။ သူတပါးကို ကူညီတတ်တယ်။ သိမ်မွေ့နူးညံ့မယ်။ ဒေါသဖြစ်ခဲတယ်။ စိတ်ဆိုးခဲတယ်။ ကိုယ့်ချစ်သူ အပေါ်မှာလဲ နွေးထွေးမှု့ မရှိပဲ အေးစက်စက် ဖြစ်နေမယ်။ အား မလို အားမရဖြစ်ရမယ်။ ပွင့်ပွင့်လင်းလင်း မရှိဘူး။ အုံပုန်း ဆန်တာပေါ့။ ပါတ်ဝန်းကျင်နဲ့ ဆက်ဆံရေးကလည်း ခပ်ကြဲကြဲပဲ။ လူတွေနဲ့ ရောရောနှောနှော နေလေ့နေထမရှိဘူး။ ဒါကြောင့် သူလိုလူမှာ အပေါင်းအသင်း သိပ်မရှိတတ်ဘူး။

သင်၏ချစ်သူက အနက်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သွေးအေးတယ်။ အရာရာကို လေးလေးနက်နက် သဘောထားပြီး လေးလေးနက်နက်ပဲ လုပ်ကိုင်လေ့ရှိတယ်။ သူလုပ်ရင် ဘယ်တော့မှ ထင်ထင်ပေါ်ပေါ် မလုပ်တတ်ဘူး။ အရာရာကို လျှို့ဝှက်စွာ လုပ်ကိုင်တတ်သူပါ။ တစ်ခုခုကို အမြဲတမ်းလဲ ဖုံးကွယ်ထားတတ်သူ။ နောက်ပြီး လူတကာထက် ပိုပြီး အစွဲအလန်း ကြီးတဲ့ သူဖြစ်တယ်။ ပြီးတော့ မာနကလည်း အတော်ကို ကြီးတာ။ ကိုယ့်ကိုကို ယုံကြည်ချက်ကလည်း ပြင်းထန်လွန်းတယ်။ ငါလုပ်ရင် ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ စိတ် ရှီတယ်။ ခေါင်းမာတယ်။ တယူသန်နိုင်တယ်။ တစ်ယောက်ထဲ သီးသန့် နေလိုစိတ် ရှိတယ်။ မကောင်းတာကို လုပ်ရရင် ပျော်မွေ့တဲ့ စိတ်ရှိတယ်။ ကိုယ်ချစ်သူအပေါ်မှာတော့ လေးလေးနက်နက် စွဲစွဲလန်းလန်း အရူးအမူး ချစ်မယ့်သူပေါ့။

သင်၏ချစ်သူက ခရမ်းရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
ဆွဲဆောင်မှု့တော့ ရှိတယ်။ ပြဿနာတွေ ဘာတွေတော့ မဖြစ်စေနဲ့နော်။ ပြဿနာဖြစ်လာရင်တော့ ခေါင်း ရှောင်သွားလိမ့်မယ်။ ဘာပဲ လုပ်လုပ်သူဟာ လျှို့ဝှက်စွာ လုပ်ကိုင်လေ့ရှိတယ်။ ကိုယ့်အတွက်ကတော့ အရမ်း သိတတ်တယ်။ ဘယ်လိုအခြေအနေ ပဲ ရောက်ရောက် ဘ၀တိုးတက်ဖို့အတွက်ကတော့ အမြဲတမ်း ကြိုးစားအား ထုပ်နေလေ့ ရှိတယ်။ ထူးဆန်းတာ တစ်ခုကတော့ ဂမ္ဘီရ ပညာရပ်တွေကို ထူးထူဆန်းဆန်း စိတ်ဝင်စားလေ့ရှိ တယ်။ နောက်ပြီး သူဟာ အလှအပတို့ အနုပညာတို့ စာပေတို့ကိုလည်း မြတ်နိုးသူ ဖြစ်မယ်။ သူက အဲဒါတွေသာ လုပ်တဲ့လူဆိုလို့ ကတော့ သေချာပေါက်အောင်မြင်မယ်။ ဒါကြောင့် စိတ်ကူးလဲ အရမ်း ယဉ်တတ်တယ်။ လက်တွေ့မကျတဲ့ အိပ်မက်ဆန်ဆန် စိတ်ကူးတွေလဲ သူ့မှာ အပြည့်ရှိတယ်။ နောက်ဆုံး ကိုယ်ချစ်သူကို ချစ်ရင်တောင် သူက စိတ်ကူးယဉ် ဆန်ဆန်နဲ့ ချစ်ခင်တတ်ပါတယ်။

သင်၏ချစ်သူက လိမ္မော်ရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
သူကတော့ အရာရာမှာ တက်တက်ကြွကြွ ရှိမယ်တဲ့။ နေတာ ထိုင်တာ ပြောတာဆိုတာကအစ ပျော်ပျော်ရွှင်ရွှင် နေတတ် ထိုင်တတ်တယ်။ နောက်ပြီး စကားအပြောအဆို ကောင်းသူလည်း ဖြစ်တယ်။ လူတွေကသာ သူ့ကို ဂရုစိုက်လို့ကတော့ သူက အရမ်းကြိုက်။ ဒါပေမယ့် သူဟာ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် လုပ်တတ်တဲ့ သဘောရှိတယ်။ ပြောရရင်တော့ ပေါ့ပေါ့နေ ပေါ့ပေါ့စာဆိုတာ သူလိုလူကို ပြောသလိုပါပဲ။ အပျော်အပါးကတော့ ကြိုက်သလားမမေးနဲ့။ နေရာတကာမှာ ထင်ပေါ်ချင်တယ် ကျော်ကြားချင်တယ်။ အချစ်ဆိုသော အရာကိုတော့ ပေါ့ပေါ့တန်တန် သဘောထားတတ်တယ် ဆိုတော့ အင်း ဒီလိုလူမျိုးကတော့ သတိထားပေါ့နော်။

သင်၏ချစ်သူက အ၀ါရောင်ကို နှစ်သက်တယ် ဆိုရင် သင်၏ ချစ်သူဟာ..
အ၀ါရောင်ကို နှစ်သက်တဲ့ သူကတော့ သူဟာ အများအကျိုးကို သယ်ပိုးထမ်ဆောင်လိုတဲ့သူ ဖြစ်တယ်။ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်ရတာကို ၀ါသနာ ပါတယ်။ လူတွေကို ဘယ်လို ကူညီပေး၇မလဲ ဆိုတာကိုပဲ စဉ်းစား နေလေ့ရှိတယ်။ လူ့ပါတ်ဝန်းကျင်နဲ့ နွေးနွေးထွေးထွေး ရင်းရင်းနှီးနှီး နေထိုင်တတ်တဲ့ အကျင့်ရှိတယ်။ အပြောင်းအလဲကိုလည်း သဘောကျ လက်ခံတတ်တဲ့လူပေါ့။ သဘောကျ နှစ်ခြိုက်တတ်တဲ့ လူပါ။ သမရိုးကျ လမ်းဟောင်းကို မလိုက်ဘူး လမ်းသစ် ထွင်ဖောက် လျှောက်ချင်တဲ့ လူ။ လက်တွေ့တော့ ကျသား။ သူလည်း အနုပညာကို ၀ါသနာပါပြီး ကိုယ်ချစ်သူအပေါ်လည်း နွေးထွေးစွာ ဆက်ဆံတတ်သူဆိုတော့ ကောင်းပါတယ်။
 ဟုတ်မဟုတ်တော့ အတိဝူး ပျော်သဘောလေးပဲ ဖတ်ပီးစမ်းကြည့်ကြပေါ့နော်:D

***********************************************************************


"GF" ဆိုတဲ့ အဓိပ္ပာယ်လေး သင့်ချစ်သူသိပါစေ....

ကောင်မလေးနဲ့ ကောင်လေးတစ်ယောက် စတင် တွေ့ဆုံခဲ့ကြတယ်..
သူတို့နှစ်ယောက် ခင်မင်သွားပြီး မကြာမီမှာ ကောင်လေးက ကောင်မလေးကို
ပြောတယ် "ကောင်မလေးရေ GF ဆိုတာ ဘာလဲသိလား" တဲ့..
ကောင်မလေးက ခဏကြောင်သွားတယ်...ပြီးတော့ "မသိဘူးလေ အဲတာဘာလဲ"
လို့ ပြန်မေးလိုက်တယ်...ကောင်လေးက ပြုံးပြီးဖြေလိုက်တယ်...
"GF ဆိုတာ Good Friend" ပါတဲ့...

နောက်ကြာတော့ သူတို့နှစ်ယောက်ချစ်သူဖြစ်သွားတယ်..
အဲအခါမှာ ကောင်လေးက ကောင်မလေးကို ထပ်မေးတယ်..
"GF ဆိုတာ ဘာလဲ ခုသိပြီလား" တဲ့..
ကောင်မလေးက နားမလည်ဟန်နဲ့ ခေါင်းခါပြတယ်..
ကောင်လေးက ကောင်မလေးကိုရင်ခွင်ထည့်ပြီး...
"GF ဆိုတာ Girlfriend" ပါတဲ့...

အဲဒီနောက် လက်ထပ်ကာနီးမှာ ကောင်လေးက ထပ်မေးတယ်...
"GF ဆိုတာ သိပြီလား ချစ်သူ" တဲ့..
ကောင်မလေးက ရယ်ရယ်မောမောနဲ့ "Girlfriend" လေလို့ဖြေတယ်...
ကောင်လေးက ကောင်မလေးလက်ကို ကြင်ကြင်နာနာဆုပ်ကိုင်ရင်း ပြန်ပြောတယ်...
"မဟုတ်ဘူး GF ဆိုတာ
ကိုယ့်အတွက်မင်းဟာ Great Future" ပါတဲ့...

အဲဒီလိုနဲ့ လက်ထပ်ပြီးလို့ ကလေးတွေရလာတော့..
ယောင်္ကျားဖြစ်သူက မိန်းမကို မေးတယ်...
"မိန်းမရေ GF ဆိုတာ ဘာလဲကွယ်"
မိန်းမက "ဒီတခါ ဘာဖြစ်သွားပြီလဲ ယောင်္ကျားရေ" လို့ ပြန်မေးလိုက်တယ်..
ယောင်္ကျားက ကလေးလေးကို ချီရင်း မိန်းမပခုံးလေးကို ဖက်လို့
"GF ဆိုတာ Gleeful Family ပါ" လို့ ဖြေလိုက်တယ်...

အဲဒီနောက် သားသမီးတွေလည်း အိမ်ထောင်ကျ
သူတို့နှစ်ယောက်လည်း အိုမင်းလာကြတာပေါ့....
အဲဒီအခါမှာ အဘိုးကြီးက အဘွားကြီးကို မေးတယ်..
"အဘွားကြီးရေ GF ဆိုတာ ဘာအဓိပ္ပာယ်လဲကွယ်" လို့မေးလိုက်တယ်...
အဘွားကြီးက အဘိုးကြီးပခုံးပေါ်မှီရင်း
"ပြောပါအုံး အဘိုးကြီးရယ်" လို့ အသံတိုးတိုးလေးနဲ့ ပြန်ပြောတယ်...
အဘိုးကြီးက အဘွားကြီး နဖူးလေးကို ကြင်ကြင်နာနာ နမ်းရင်း
"အဘွားကြီးက အဘိုးကြီးအတွက် Girl Forever ပေါ့ကွယ်" လို့ ဖြေလိုက်ပါတော့တယ်

**********************************************************************

အချစ်နဲ့ နားလည်မှု




သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေးလာနိုင်သတဲ့။

သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက "လူ့ဘဝမှာ "နားလည်မှုရှိတာ"ဟာ "ချစ်တာ"ထက် ပိုအရေးပါတယ်" ဆိုတာပဲဖြစ်တယ်။

"သင့်ကိုနားလည်တဲ့သူ ချစ်ပါစေ"ဆိုတဲ့ သီချင်းဟောင်းတစ်ပုဒ်မှာ သီချင်းစာသားတစ်ခုက..... "ချစ်ကြိုက်တယ်ဆိုတာ တစ်ဘက်သားရဲ့ နေထိုင်မှုထဲဝင်ရုံတင်မဟုတ်ဘူး.. အချင်းချင်းရဲ့ဘဝထဲ ပိုဝင်နိုင်ရမယ်"လို့ ဆိုထားပါတယ်။

"အချစ်"ရဲ့ အမြင့်ဆုံးအဆင့်က "နားလည်မှု"ဖြစ်တယ်။ "နားလည်တာလား! ချစ်တာလား!"ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့် သဘောထားပြီး လူအများက "ချစ်တယ်"ဆိုတာကို ရွေးချယ်တတ်ကြတယ်။

နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့ဖြစ်တယ်။ တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး... မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊ လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း မချစ်ကြလို့မဟုတ်ဘူး။

အချင်းချင်း နားလည်မှုမပေးနိုင်ကြလို့ဖြစ်တယ်။ လူ့လောကထဲမှာ အချင်းချင်းနာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့ ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ်ဘူး။ နားလည်မှု မရှိကြလို့ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှုပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲလမ်းခွဲချိန်ရောက်မှ အရင်ကနားလည်ခဲ့တဲ့ "နားလည်မှုတွေ"ဟာ "နားလည်မှုအလွဲ"တွေဆိုတာကို သူတို့သိကြရတယ်။

မိန်းကလေးတွေက နားလည်မှုမရှိဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ မိန်းကလေးတွေက သူတို့ကိုယ်သူတို့ နားလည်မှုရှိတယ်လို့ ထင်ကြတယ်။ ယောက်ျားလေးတွေရဲ့စိတ်ကို မိန်းကလေးတွေ နားမလည်ကြဘူးလို့ ယောက်ျားလေးတွေက ထင်ကြတယ်။ ဒါဟာ မိန်းကလေးတွေရဲ့စိတ်ဒုက္ခကို ယောက်ျားလေးတွေ နားမလည်လို့လို့ မိန်းကလေးတွေက ထင်ကြတယ်။

ဒါကြောင့် နှစ်ယောက်ကမ္ဘာမှာ နားလည်မှုရှိဖို့က ချစ်ဖို့ထက် ပိုလုပ်နိုင်ဖို့ ခက်ခဲခဲ့တယ်။ သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က သင်လိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။ သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က သူလိုချင်တဲ့ပုံစံနဲ့ သင့်ကိုချစ်တယ်။
သင့်ကို နားလည်မှုပေးနိုင်သူတစ်ယောက်က တစ်ဝက်လုပ်ပြီး ဆတိုးခံစားတယ်၊ ချစ်ရတာလည်း သက်တောင့်သက်သာရှိပြီး စိတ်ချမ်းမြေ့စေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုတွေ ခံစားစေတယ်။
သင့်ကို နားလည်မှုမပေးနိုင်သူတစ်ယောက်က ဆတိုးလုပ်ပြီး တစ်ဝက်ပဲခံစားတယ်။

ချစ်ရတာလည်း စိတ်ပင်ပန်း၊ လူပင်ပန်းစေတယ်၊ သင့်ကိုလည်း ပျော်ရွှင်မှုမပေးနိုင်ဘူး။ သင့်ကိုနားလည်မှုပေးနိုင်တဲ့သူ သင့်ကိုချစ်ပါစေ... ချစ်တယ်ဆိုတိုင်း နားလည်မှုပေးနိုင်သူ မဟုတ်ပါဘူး။
အချစ်ကို အညံ့ခံ၊ အရှုံးပေးလိုက်ရတဲ့ လူတွေအများကြီးပါ။ ဒါပေမဲ့ အဲဒီလိုအညံ့ခံပြီးနောက် နောက်ဆုံးမှာ သူတို့နားလည်သဘောပေါက်လိုက်တာက "နားလည်မှုမပေးနိုင်သူတစ်ယောက်ရဲ့ အချစ်ဟာ အချစ်နက်လေ နာကျင်ညှင်းပန်းမှုများလေ" ဆိုတာပဲဖြစ်တယ်။


************************************************************************
မိန်းကလေးတိုင်း ငိုတတ်ကြတယ်။

သူတို့က ငိုချင်တိုင်း ငိုကြတာတော့ မဟုတ်ဘူး။

သူတို့ရင်ထဲမှာ နာကျင်လို့၊ ခံစားရခက်လို့၊ အကူအညီလိုလို့ ငိုတာဖြစ်တယ်။

ချစ်သူယောက်ျားလေးဖြစ်တဲ့ သင်က ဒါကိုပထမဦးဆုံး သတိပြုမိရမှာဖြစ်ပြီး
သူ့နာကျင်မှုတွေ အပြင်ကို မျက်ရည်အဖြစ်နဲ့ စီးကျမလာခင် သူ့ကိုနှစ်သိမ့်၊
အားပေးကူညီသင့်တယ်။



မိန်းကလေးတွေက ကိုယ့်ချစ်သူကို "ငါ့ကိုချစ်လားဟင်" လို့ မေးတတ်ကြတယ်။

ဒီလိုမေးရာမှာ အခြေအနေ နှစ်မျိုးရှိတယ်။

ပထမအချက်က သူ့ချစ်တဲ့ ကောင်လေးက ဒီစကားသုံးခွန်းကို သိပ်မသုံးတော့လို့။

ဒုတိယအချက်က မိန်းကလေးတွေ ကိုယ့်ကိုယ်ကို သံသယရှိလာလို့ ဖြစ်တယ်။

သူဒီလိုမေးလာတဲ့ အချိန်မှာ သူ့ကို ရင်ခွင်ထဲ ပွေ့ဖက်ပြီး
နူးညံ့ညင်သာစွာနဲ့ "နင့်ကို ငါချစ်တယ်" လို့ ပြောပါ။

ဒီစကားတစ်ခွန်းတည်းနဲ့ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို သင်ကာကွယ်နိုင်ပါလိမ့်မယ်။



မိန်းကလေးတွေက ဘာမှန်းညာမှန်းမသိ စိတ်တိုတတ်ကြတယ်။

သူတို့စိတ်တိုရတာ အကြောင်းရှိတယ်။ မကြည့်သင့်တာကို သင့်ကြည့်ခဲ့လို့၊
မပြောသင့်တာကို သင့်ပြောခဲ့လို့ဖြစ်တယ်။

ဒါမှမဟုတ် နောက်ကျမှ ဆက်တဲ့ဖုန်းကြောင်းဖြစ်တယ်။ တကယ်တော့
မိန်းကလေးတွေရဲ့ နှလုံးသားက နူးညံ့လွန်းတယ်။ ခွင့်လွှတ်ဖို့
သင်တောင်းပန်မယ်၊ သူ့ကို ယုယကြင်နာမယ်ဆိုရင် သူ့ရဲ့စိတ်တိုဒေါသတွေက
လေနဲ့အတူ လွှင့်သွားတဲ့ တိမ်လိုမျိုး တခဏချင်း ပျောက်ကွယ်သွားမှာဖြစ်တယ်။



မိန်းကလေးတွေက လက်ဆောင်ပန်းစည်း အမြဲလိုချင်တတ်ကြတယ်။ ပန်းကြိုက်တာ
မိန်းကလေးတိုင်းရဲ့ မွေးရာပါဖြစ်တယ်။ ယောက်ျားလေးတွေ သိထားရမှာက
တန်ဖိုးကြီးတဲ့ နှင်းဆီပန်း တစ်စည်းပဲဖြစ်ဖြစ်၊ တောပန်းပွင့်လေး
တစ်ပွင့်ပဲဖြစ်ဖြစ် တစ်ချို့မိန်းကလေးအတွက် ကျေနပ်မှုက တူတူပဲဖြစ်တယ်။
အဓိက,က သင့်ရဲ့ ရိုးသားတဲ့စိတ် ရှိဖို့ပဲဖြစ်တယ်။



မိန်းကလေးတွေက ဖုန်းအမြဲစောင့်တတ်တယ်။ ဒါက ချစ်စကြင်စ အချစ်ပင်လယ်မှာ
ပက်လက်မျှောနေတဲ့ မိန်းကလေးတို့ရဲ့ သဘာဝဖြစ်တယ်။ ဖုန်းကို လက်ထဲမှာ
အမြဲကိုင်ထားပြီး ချစ်သူရဲ့ဖုန်းကို စောင့်နေတတ်ကြတယ်။



မိန်းကလေးတစ်ချို့က စကားပြော နိုင်လွန်းတယ်။ မိန်းကလေးတွေက
ယောက်ျားလေးတွေထက် ပိုခံစားလွယ်တယ်၊ သူတို့က သူငယ်ချင်းတွေနဲ့
ဆုံပြီဆိုရင် ပတ်ဝန်းကျင်အကြောင်း၊ လူတွေအကြောင်း မနားတမ်း ပြောတတ်ကြတယ်။
ဒါက သူတို့အတွက် အပန်းဖြေနည်းတစ်မျိုး၊ စိတ်ဖြေလျော့မှုတစ်မျိုး ဖြစ်တယ်။
တစ်ချို့မိန်းကလေးတွေက ဖုန်းကောက်ကိုင်ပြီးရင် မချတတ်တော့ဘူး။ ဒါဟာလည်း
ခုခေတ်မိန်းကလေးတွေက အလုပ်ကိုယ်စီရှိနေကြလို့ သူငယ်ချင်းမိတ်ဆွေတွေနဲ့
မျက်နှာချင်းဆိုင် စကားပြောဖို့ အချိန်မရှိလို့ဖြစ်တယ်။ ချစ်သူကလည်း
ဒါတွေကို စိတ်ရှည်သည်းခံပြီး နားထောင်မပေးတတ်ကြတော့ ပြောချင်တာ၊
ရင်ဖွင့်ချင်တာကို ဖုန်းနဲ့ပဲ ပြောကြတော့တယ်။ (အခုခေတ်မှာတော့ ဂျီတော့၊
ဘလော့ဂ်နဲ့ FBပေါ်မှာ ပြောနိုင်ပါပြီး)



*********************************************************************

လူတစ်ယောက်ကို ချစ်ဖို့ရာ အကြောင်းတရား မလိုဘူး။



မိန်းကလေးတွေက ကိုယ်ချစ်တဲ့သူနဲ့ အတူနေရဖို့ နောင်တတရားမရှိဘဲ အရာရာကို
ပေးဆပ်တတ်ကြတယ်။ လူတစ်ယောက် ကိုယ့်ကြောင့် ပြောင်းလဲသွားတယ်၊ ခေါင်းမာတဲ့
သူ့အကျင့်တွေ ရုတ်သိမ်းသွားတယ်ဆိုရင် ကိုယ့်ကိုတကယ်ချစ်လို့ပါပဲ။
ကိုယ့်ကိုတကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ လိုအပ်ချက်က
ကိုယ့်ရဲ့ဂတိသစ္စာတွေ မဟုတ်ဘူး။ သူတို့လိုအပ်တာက ကိုယ့်စီက လုံခြုံမှု၊
ထိခိုက်ဒဏ်ရာရလာတဲ့ သူ့အတွက် အချိန်မရွေးမှီခိုနိုင်မယ့်
ပုခုံးတစ်စုံသာဖြစ်တယ်။



ယောကျာ်းလေးတွေက မျက်လုံးနဲ့ မိန်းကလေးကို ကြည့်တတ်ကြတယ်။

ဒါကြောင့် အလှရဲ့ စွဲဆောင်မှုကို အလွယ်တကူ ခံရတတ်တယ်။

မိန်းကလေးတွေက စိတ်နဲ့ ယောက်ျားလေးကို တွေးတောတတ်ကြတယ်။

ဒါကြောင့် စိတ်ပင်ပန်းဆင်းရဲတာကို အလွယ်တကူ ခံစားရတတ်တယ်။



မိန်းကလေးတွေက ဂုဏ်ဝင့်တဲ့ ရွှေငန်းနဲ့ တူတယ်။ ဒါပေမယ့် ယောက်ျားလေးတွေကို
ချစ်မိပြီဆိုရင် အတောင်အချိုးခံလိုက်ရသလိုပဲ။ ဒါကြောင့် ယောက်ျားလေးတွေက
ကိုယ့်ကိုချစ်တဲ့ မိန်းကလေးကို ပိုပြီး ဆတိုးကြင်နာတန်ဖိုးထား
စောင့်ရှောက်သင့်တယ်။ သူတို့နာကျင် မျက်ရည်ကျအောင် မလုပ်သင့်ဘူး။ 



***********************************************************************

စိတ်လုံးဝ မဆိုးတတ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ရေနွေးဖြူ တခွက်နဲ့ တူတယ်၊ ရေငတ်ပြေပေမဲ့ အရသာမရှိဘူး....

သင်နောက်ကျတဲ့အခါ...သူမ စိတ်ကောက်တယ်...အကြောင်းက သင် လမ်းမှာ မတော်တဆဖြစ်မှာကို စိတ်ပူလို့ပါ....

သင် ဆေးလိပ်သောက်တဲ့အခါ...သင့်ကို စိတ်ဆိုးတယ်...အကြောင်းက သင့်ရဲ့ ကျန်းမာရေးထိခိုက်မှာ မလိုလားလို့ပါ...

သင်အရက်သောက်တဲ့အခါ ...စိတ်ဆိုးတယ်...အကြောင်းက သင်အရက်မူးတဲ့အခါ သင့်ကို ဂရုစိုက်မဲ့သူ မရှိမှာ စိတ်ပူလို့ပါ...ပိုစိုးရိမ်တာက အရက်သောက်ရင် ဘေးဖြစ်မှာကိုပါ...သူမ  မျှော်လင့်တာက သင်နဲ့အတူတူဆံဖြူသွားကျိုးတဲ့အထိ လက်တွဲသွားချင်တယ်လေ...

သင့်ကိုယ်က အမျိုးသမီးတစ်ယောက်ရဲ့ ရေမွှေးနံ့ ရတဲ့အခါ... သူမ စိတ်ကောက်တယ်...အကြောင်းက သင့်ကို ဂရုစိုက်လို့ပါ...မုန့်ကိုပဲ ဝေစားမယ်...သင့်ကို တော့ ဝေမစားနိုင်ဘူးဆိုတဲ့ သဘောပါ....

သူမရဲ့ မွေးနေ့ကို သင်မေ့တဲ့အခါ...သူမ စိတ်ဆိုးမယ်...အကြောင်းက သင်ဟာ သူမရဲ့ မျှော်လင့်ချက်ပါ... သူမရဲ့ မွေးနေ့ကို သင့်ကို အမှတ်ရစေချင်တဲ့သဘောပါ....

မိန်းကလေးတွေဟာ တရားဟောတဲ့သူလဲဖြစ်တယ်...သူတို့ စိတ်ဆိုးတဲ့အခါ သဘောတရားအမျိုးမျိုးကို နားလည်ခွင့်ရရှိကြတယ်...

မိန်းကလေးတွေဟာ  တိတ်ဆိတ်တဲ့သူလဲ  ဖြစ်နေတတ်ပြန်တယ်... ဒီအခါ.. သူတို့သဘောထားကို နားလည်ဖို့ ခက်ခဲပြန်တယ်....

မိန်းကလေးတွေဟာ သူတို့ရဲ့ ဘေးမှာရှိတဲ့ ယောက်ျားလေးဆီက တောင်းဆိုတယ်...မျှော်လင့်ချက်တွေ ရယူချင်တဲ့သဘောက... သူတို့ဟာ မကြာခဏ ဆုံးရှုံးနောက်ကျကျန်ခဲ့ကြရလို့ပဲ...

ဒါကြောင့် မိန်းကလေးတွေက ယောက်ျားလေးတွေကို အလွယ်တကူ စိတ်ဆိုး စိတ်ကောက်တာဖြစ်တယ်....

တကယ်လို့ သင့်ဘေးမှာ စိတ်ကောက်တတ်တဲ့ ကောင်မလေး ရှိရင်...သင် ကံကောင်းပြီလို့မှတ်ပါတော့....

သင့်မှာ စိတ်ဆိုးတဲ့မိန်းကလေးတစ်ယောက်ပိုင်ဆိုင်ထားရင်တော့ သူမကို တန်ဖိုးထားပါတော့...အကြောင်းက စိတ်ဆိုးတတ်တဲ့မိန်းကလေးက ချစ်စရာအကောင်းဆုံးမို့လို့ပါ.... :)

တကယ်လို့...တစ်နေ့ကျရင်...သူမ သင့်အပေါ် စိတ်မဆိုးတော့ရင် ဘာဖြစ်လာမလဲ ....

သင်က ထင်ချင်ထင်မယ် နားအေးသက်သာသွားမှာပေါ့... အခုမှ အေးဆေးနေရတော့မယ် လို့ထင်နိုင်ပါတယ်...

တကယ်တော့သင်တစ်ယောက်တည်း အမှောင်ခန်းလေးထဲမှာ စိတ်ကယောင်ချောက်ခြားမှု နဲ့ အထီးကျန်စွာ နာကျင်ခြင်းကို တစ်ဦးတည်းခံစားရမှာဖြစ်တယ်...သင့်ကို ပူပန်စိုးရိမ်မှုနဲ့ ပြောဆိုနေမဲ့သူမရှိတော့တဲ့အတွက် ကိုယ့်ဘာသာ လမ်းဆက်လျှောက်ရမှာဖြစ်တယ်...
မှားယွင်းခြင်းတွေကြုံလဲ သတိပေး တားမြစ်တဲ့ သူဆိုတာ မရှိနိုင်တော့တဲ့အတွက်...မှားပြီးရင်း ထပ်မှားဖွယ်ရာ ဖြစ်လာနိုင်တယ်....အဆုံးမှာ မိမိကိုယ်ကို ယုံကြည်ခြင်းပျက်သုဉ်းလာပြီး...အိပ်မရတဲ့ ညတွေကို ဖြတ်သန်းရတော့မှာဖြစ်တယ်....

ဒါကြောင့် မိန်းကလေးတွေ စိတ်ဆိုးစိတ်ကောက်ပြီဆိုရင်...သူတို့ရဲ့ သဘောထားကို မြင်အောင်ကြည့်ပေးပါ.. ကိုယ့်ကို တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ဟာ ကိုယ့်ကို ဘေးကျပ်နံကျပ်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး...သူ့မှာ အကြောင်းရင်းရှိပါတယ်...သူ့ရဲ့ စိတ်ကို နားလည်အောင်ကြိုးစားသင့်ပါတယ်....
ဒါဆိုရင် မိတ်ဆွေတို့ရဲ့ ချစ်ခရီးလမ်းဟာ ကံကောင်းခြင်းတွေ ပိုင်ဆိုင်နိုင်ဖို့ သေချာနေပြီပေါ့....
 
************************************************************************

No comments:

Post a Comment